မကစ်လည်း ဝဋ်ကျွတ်သွားတယ်လို့ မှတ်ပါတယ်။

ဆုပန်ထွာကတော့ ကစ်ကစ်ဟာ ပရိသတ်တွေအတွက် တန်ဖိုးရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကစ်ကစ် ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Su Pan Htwar



ဆုပန်ထွာကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ အကြောင်းတွေကို သူသိသလောက်ဖွင့်ဟ ပြောပြလာပါတယ်။ သူ ပြုတဲ့ ကုသိုလ်တွေကိုလည်း ကစ်ကစ်အတွက် အမျှပေးဝေမယ်လို့ Duwun Media အင်တာဗျူးကတေ ဖြေဆိုခဲ့ပါတယ်။

“မကစ်က အစ်မတို့တွေထဲမှာဆိုရင် ပွင့်လင်းတယ်၊ ချစ်စရာကောင်းတယ်။ ကားရိုက်တွေလည်း ဆုံတယ်၊ သီချင်းဆိုတဲ့နေရာတွေမှာလည်း ဆုံဖြစ်တယ်။ သူ့ကို ချစ်လည်းချစ်တယ်၊ အနုပညာသမား တစ်ယောက် ဖြစ်တဲ့အတွက် လေးလည်း လေးစားတယ်။ အခုလိုဖြစ်သွားတာကလည်း အစ်မစိတ်ထဲမှာတော့ သူ ဝဋ်ကျွတ်သွားတယ်လို့ ခံစားရပါတယ်။ ကိုယ်ပြုတဲ့ ကောင်းမှုကုသိုလ်လေးတွေ သူရပါစေ၊ ကောင်းတဲ့ နေရာလေး သူရောက်သွားပါစေ ဆိုပြီးတော့ တွေ့တွေ့ချင်းမှာပဲ စိတ်ထဲကနေ အဲဒီလိုလေး ဆုတောင်းပေးလိုက်မိတာပေါ့နော်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့က “ရှင်ဥပဂုတ္တ” ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Su Pan Htwar

ဆုပန်ထွာဟာ ကစ်ကစ်နဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာ အတူတူရိုက်ခဲ့ဖူးတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း အမှတ်တရတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ ကစ်ကစ်ကတော့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

“ မကစ်နဲ့ အမှတ်တရတွေကတော့ အစ်မတို့တွေ သီချင်းသွားဆိုကြတာပေါ့။ နေရာတောင် မမှတ်မိတော့ဘူး။ အဲဒီမှာ စင်အောက်ကနေ တုတ်နဲ့လားမသိဘူး ထိုးတော့ သူပေါ့ အာပြဲအောင်အော်တာ။ ကိုယ် အော်စရာမလိုဘူး။ ဟဲ့.. ဘယ်အကောင်တွေလဲ ဆိုပြီးတော့ပေါ့။ ကိုယ်ကလည်း သူနဲ့ တွေ့ပြီဆိုရင် ချစ်ချစ်ခင်ခင်နေခဲ့ရတာ ဒါလေးကတော့ မှတ်မှတ်ရရလေးပါပဲ” လို့ သူကဆိုပါတယ်။

Photo: Su Pan Htwar

ကစ်ကစ်က ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေကို ရယ်မောစေခဲ့တဲ့ အနုပညာရှင်ဖြစ်တာကြောင့် တန်ဖိုးရှိတယ်လို့ ဆုပန်ထွာက ပြောပါတယ်။

“ မကစ်ကတော့ ဟာသမှာ ပိုင်တယ်။ သူဟာ တန်ဖိုးရှိတဲ့ အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် မရှိတော့တာလည်း ခံစားရတယ်။ မပန်နဲ့သူနဲ့ ဖေ့စ်ဘွတ်ကနေ တစ်ခါတလေပြောတယ်။ သူ ကျန်းမာရေးမကောင်းဖြစ်ကတည်းက အဆက်အသွယ်မလုပ်မိတော့ဘူး။ သူ့ဘေးနားမှာ ဝိုင်းကူနေကြတဲ့သူတွေ အများကြီးရှိတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တာ သူ့ရဲ့ တန်ဖိုးလေးပေါ့နော်။ သူ ကံကောင်းပါတယ်” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Su Pan Htwar

ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၄၀ အချိန်က ရန်ကုန်အထူးကုဆေးရုံကြီး ကုတင် ၅၀၀ မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဈာပနကိုတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်း က ရေဝေးသုဿာန်မှာ မီးသဂြိုဟ်သွားမှာပါ။ အသုဘရက်လည်ကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က