အမိုက်စား ဝတ်စုံတွေနဲ့ အတူကဲမယ်လို့ ဆိုပါတယ်။

Halloween Party ဖြစ်လို့ အမိုက်စား ဝတ်စုံတွေနဲ့ ပွဲကို လာခဲ့ဖို့ စိုင်းစိုင်းက ဖိတ်ခေါ်ထားပါသေးတယ်။

Frenzo အဖွဲ့ကို လွမ်းနေတဲ့ ပရိသတ်တွေဖို့ သတင်းကောင်းတစ်ခုပါပဲ။ အောက်တိုဘာ(၃၁) ရက်နေ့ကနေ နိုဝင်ဘာ(၃) ရက်နေ့အထိ (၄) ရက်တာ ကျင်းပပြုလုပ်မယ့် Wonder Festival Yangon ပွဲတော်ကြီးကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ပွဲတော်ကြီးမှာ စိုင်းစိုင်းတို့ Frenzo အဖွဲ့သားများက နိုဝင်ဘာ(၁) ရက်နေ့မှာ Halloween Party ဆိုတဲ့နာမည်နဲ့ ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“Wonder Festival Yangon ပွဲမှာ ကျွန်တော်တို့ Frenzo အဖွဲ့လည်း ရှိနေမှာပါ။ ကျွန်တော်တို့က ဒုတိယနေ့မှာရှိမှာပါ။ ရိုုးရိုးဖျေ်ာဖြေပွဲလိုမျိုးမဟုတ်ဘူး Halloween Party အနေနဲ့ လုပ်ထားမှာ ဖြစ်လို့ ပရိသတ်တွေက ပုံမှန်မလာဘဲနဲ့ ဝတ်စုံအမိုက်စားတွေနဲ့ လာလို့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ပါဖောမန့် အမိုက်စားတွေနဲ့ ဖျော်ဖြေသွားမှာပါ” လို့ အောက်တိုဘာ(၂၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စိုင်းစိုင်းက ပြောပြခဲ့ပါတယ်။

 

စိုင်းစိုင်းနဲ့ Frenzo အဖွဲ့သားတွေဟာ ရန်ကုန်မှာ ဖျော်ဖြေပွဲလုပ်တာထက် မန္တလေးမှာ ဖျော်ဖြေပွဲလုပ်တာ များနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ရန်ကုန်က ပရိသတ်တွေနဲ့ ဆုံချင်တဲ့အကြောင်းတွေကိုလည်း စိုင်းစိုင်းက ပြောပြလာပါတယ်။

‘’ကျွန်တော်တို့ Frenzo Artist တွေအနေနဲ့ ရန်ကုန်မှာ ဖျော်ဖြေပွဲမရှိတာ တော်တော်လေးကြာပါပြီ။ နောက်ဆုံးဖျော်ဖြေခဲ့တာက ကျွန်တော့်ရဲ့ Birthday Show ဆိုတော့ လွန်ခဲ့တဲ့ ၆ လက ဖြစ်ပါတယ်။ ဒါကြောင့် Frenzo ပရိသတ်တွေ အကုန်လုံး လာရောက်အားပေးဖို့လည်း ကျွန်တော်က ဖိတ်ခေါ်ချင်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့က GATSBY ပွဲမှာ ဖြေဆိုခဲ့တာပါ။

Wonder Festival လက်မှတ်တွေကိုတော့ weekday လက်မှတ်(31 Oct- 1 Nov) ကို ငွေကျပ် ၁၅၀၀၀ကျပ်၊ Weekend လက်မှတ်(2Nov – 3 Nov) ကို ငွေကျပ် ၂၀၀၀၀ကျပ်၊ All Day လက်မှတ်များကိုတော့ ၂၅၀၀၀ကျပ် ဆိုပြီး (၃)မျိုးခွဲကာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။



က္က