သူတို့ဆီက သရုပ်ဆောင် ပညာတွေလည်း ရပါတယ်။

ကျော်ထက်အောင်က ကိုရီးယားမင်းသမီးလေးနဲ့ ဓာတ်ပုံတွေ ခဏခဏရိုက်ဖြစ်တဲ့အကြောင်းပြောလာပါတယ်။ အနုပညာကြိုးစားမှုတွေကိုလည်း လေ့လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

ကျော်ထက်အောင်ကတော့ ‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ကားကြီးရိုက်ရင်းနဲ့ ကိုရီးယားမင်းသား၊ မင်းသမီးတွေနဲ့ တော်တော်လေး ရင်းနှီးခဲ့တယ်လို့ ဆိုပါတယ်။ ကိုရီးယားမင်းသမီးလေးနဲ့ ဓာတ်ပုံတွေ ခဏခဏ ရိုက်ဖြစ်တဲ့ အကြောင်းကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်။



‘’ နှစ်ယောက်စလုံးက ပွင့်ပွင့်လင်းလင်းပါပဲ။ အရမ်းချစ်ဖို့ကောင်းတယ်။ ကိုရီးယားမင်းသမီး ဆိုပိုဆိုးတယ်။ သူက အမေရိကမှာ ကျောင်းတက်လာတာဆိုတော့ အင်္ဂလိပ်လိုကလည်း အရမ်းကောင်းတယ်။ ကိုရီးယားမင်းသားကတော့ အင်္ဂလိပ်လို အရမ်းမကောင်းဘူး။ သူကလည်း အရမ်းခင်ဖို့ကောင်းတယ်။ ကျွန်တော်တို့နဲ့ အတူတူ စတယ်၊ နောက်တယ်။ ကျွန်တော်နဲ့ ကိုရီးယားမင်းသမီးနဲ့က အဲဒီလိုပဲ စနောက်ပြီး အမြဲတမ်း ဓာတ်ပုံရိုက်နေကြပါ။ မောင်နှမတွေလိုပဲနေကြတာ’’ ဆိုပြီးတော့ ပြောပြလာပါတယ်။

Photo: Kyaw Htet Aung

ကျော်ထက်အောင်ဟာ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း စီနီယာ အနုပညာရှင်တွေဆီက လေ့လာခွင့်တွေ အများကြီးရခဲ့တယ်လို့ ဆိုပါတယ်။

‘’အတွေ့အကြုံတွေကတော့ အများကြီးပဲ လမ်းခရီး ခက်ခဲတယ်။ ဦးမောင်ဆီကရော၊ မင်းသန့်မောင်မောင်ဆီကရော၊ ကစ် ဆီရရော အနုပညာအရည်အချင်းတွေ အများကြီးလေ့လာခွင့်ရခဲ့သလို ကိုရီးယားက မင်းသား၊ မင်းသမီးတွေရဲ့ လုပ်ကိုင်ပုံတွေကိုလည်း အများကြီး မြင်တွေ့ခွင့်ရသလို ပညာလည်း ရခဲ့ပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ဂီတ ဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Kyaw Htet Aung

‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မင်းသန့်မောင်မောင် တို့က အတူတွဲရိုက်ကူးနေကြတာပါ။ ဒီဇာတ်ကားထဲမှာ ကျော်ထက်အောင်၊ ကိုရီးယားမင်းသားချော Ryu Sang Wook ၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနု တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။ ဇာတ်ကားရိုက်ကူးရေး နေရာတွေကိုတော့ နယ်မြို့တွေနဲ့ ကိုရီးယားနိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

Photo: Kyaw Htet Aung

ကျော်ထက်အောင်ဟာ Myanmar Idol Season 1 ကတည်းက ပရိသတ်တွေ အားပေးမှုကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရပါပြီ။ လက်ရှိမှာလည်း သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က