တန်ဖိုးရုပ်ရှင်ကားကြီးကို အတူတူရိုက်ကူးခဲ့တာပါ။
Sabal Thwin

ထွန်းထွန်းက ကိုရီးယားဒါရိုက်တာတွေနဲ့ အတူတူ ရုပ်ရှင်ရိုက်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုပြောလာပါတယ်။ ဒီဇာတ်ကားထဲကနေ ကောင်းမွန်တဲ့ အရာတွေကို သင်ခန်းစာယူစေချင်တယ်လို့ ဆိုပါတယ်။

Photo: တန်ဖိုး

ထွန်းထွန်းပါဝင်သရုပ်ဆောင်ထားတဲ့ ‘’တန်ဖိုး’’ရုပ်ရှင်ဇာတ်ကားကတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ကိုရီးယားလူမျိုး ဒါရိုက်တာ ရိုက်တာဖြစ်တဲ့အတွက် အတွေ့အကြုံတွေ အများကြီးရခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ရိုက်ကွင်းမှာ ကိုယ့်မြန်မာအဖွဲ့တွေနဲ့ရိုက်ရင်တောင်မှ အခက်အခဲတွေရှိတတ်တယ်။ အချိန်အခက်အခဲ၊ စက်တင်အခက်အခဲတွေဖြစ်တတ်တယ်။ ဒီ ဒါရိုက်တာနဲ့ရိုက်တော့လည်း ဒီဒါရိုက်တာက ပိုပင်ပန်းတယ်။ ကျွန်တော်တို့ကိုလည်း မြန်မာလိုပြန်ရှင်းပြရတယ်၊ သူ့အဖွဲ့တွေကိုလည်း ကိုရီးယားလို ဘာသာပြန်ရတယ်။ သူ့ကြည့်လိုက်ရင်လည်း စိတ်ရှုပ်မနေဘူး။ ဖာသာဖြစ်နေလို့လည်း ထင်ပါတယ်။ လုပ်စရာရှိတာကို အေးအေးလူလူပဲ လုပ်သွားတာရှုပ်ထွေးနေတာကို မတွေ့ရဘူး’’ လို့ သူကဆိုပါတယ်။

Photo: တန်ဖိုး

‘’တန်ဖိုး’’ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ထွန်းထွန်းရဲ့ ကာရိုက်တာက နိုင်နိုင် ဆိုတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီကာရိုက်တာအတွက် ဒါရိုက်တာ Sungwook Min နဲ့ JIHYE SUNG တို့ အတူ ပူးပေါင်းတိုင်ပင်ပြီး ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။

‘’ ဒါရိုက်တာကြီးက ဇာတ်ကားမရိုက်ခင်ကတည်းက သူလိုချင်တဲ့ဟာတွေကို ဘက်ပေါင်းစုံကနေရှင်းပြတယ်။ ဥပမာ အရောင်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်ဝတ်ရမယ့် အရောင်ကို သူက သတ်မှတ်ပေးတယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ colour အယူအဆအရ ဘယ်လောက်ပဲ ပေါ့ပေါ့ပါးပါးနေပါစေ ဖြူစင်တယ်။ ပြီးတော့ အချစ်ရဲ့သင်္ကေတအနေနဲ့ အပြာရောင် အဲဒါတွေကို ရွေးခိုင်းခဲ့တယ်။ အဲဒီအတွက် သူတို့လိုချင်တဲ့ ပုံစံမျိုးကို ရှာပြီးတော့ ဝတ်ခဲ့ကြတာပေါ့နော်’’ စက်တင်ဘာလ ၄ ရက်နေ့က ‘’တန်ဖိုး’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: တန်ဖိုး

အဲဒီနောက် နိုင်နိုင် ဆိုတဲ့ ကာရိုက်တာကနေတဆင့် ပရိသတ်ကို ကောင်းမွန်တဲ့ သင်ခန်းစာလေး ရစေချင်တယ်လို့လည်း ထွန်းထွန်းက ပြောပါတယ်။

‘’ကိုယ့်သတ်မှတ်ချက်က ကိုယ့်ကိုယ်ကိုယ်တင်မဟုတ်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်က ဘယ်သူ့ကို မဆို ကိုယ်သတ်မှတ်ထားတဲ့ အရာက တန်ဖိုးတစ်ခုဖြစ်နေမှာပဲဆိုတော့ အကောင်းမြင်စိတ်များများနဲ့ တန်ဖိုးရှိရှိနေတတ်တယ်။ အချိန်ကို အကျိုးရှိရှိအသုံးချမယ်ဆိုရင်တော့ ကိုယ့်တန်ဖိုးက တစ်ရိပ်ရိပ် တက်နေမှာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: တန်ဖိုး

‘’တန်ဖိုး’’ရုပ်ရှင်ကားကြီးကိုတော့ တောင်ကိုရီးယားနိုင်ငံသား Sungwook Min နဲ့ JIHYE SUNG တို့က ပူးပေါင်းရိုက်ကူးတာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုတော့ ဂျွန်လရော် က ရေးသားထားတာဖြစ်ပါတယ်။  လက်ရှိမှာတော့ ထွန်းထွန်းက ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ


က္က