မတ်လအတွင်းမှာ ပြုလုပ်သွားမှာပါ။

ခင်ဝင့်ဝါရဲ့ ပရဟိတလှုပ်ရှားမှုအနေနဲ့ သင်္ကန်းမဝတ်နိုင်တဲ့ ၁၀ တန်းကျောင်းသား အယောက်(၆၀)ကို ကိုရင်ဝတ်ပေးသွားမယ်လို့ ဆိုပါတယ်။ သူမဟာ ပရဟိတအလုပ်တွေမှာလည်း အားသွန်ခွန်စိုက် ဆောင်ရွက်တတ်သူတစ်ယောက်ပါ။

Photo: Triangle



သရုပ်ဆောင် ခင်ဝင့်ဝါကတော့ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး မကြာခဏ ပရဟိတအလှူတွေ လုပ်လေ့ရှိပါတယ်။ အခုလည်း မတ်လအတွင်းမှာ သင်္ကန်းမဝတ်နိုင်တဲ့ ကလေးငယ်အယောက် ၆၀ သင်္ကန်းစည်းပေးမယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ၃ လပိုင်းမှာ ရှင်ပြုပေးမယ်။ ရက်ကိုတော့ သေချာမသတ်မှတ်ရသေးဘူး လုပ်ဖို့ကတော့ရှိတယ်။ ၁၀တန်းကလေးတွေကို ကိုရင်ဝတ်ပေးမယ်။ တစ်ခါမှလည်း ကိုရင်မဝတ်ဖူးသေးတဲ့ ကလေးတွေပေါ့နော်။ အပါး ၆၀ ကို ကိုရင်ဝတ်ပေးမယ်။ ကလေးတွေက ရွှေတိဂုံ တစ်ခါမှ မရောက်ဖူးဘူးဆိုတော့ ရွှေတိဂုံဘုရားလိုက်ပို့ေ ပးမယ်။ ဆွမ်းလှူမယ်၊ စတုဒီသာကျွေးမယ်။ ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းသွားမယ်’’ လို့ မတ်လ ၄ ရက်နေ့က ကိုဝင်းမြတ်နဲ့ ဆန်းသစ်လ တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: RBV

ခင်ဝင့်ဝါဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင်လည်း အားကြိုးမာန်တက် ဆောင်ရွက်တတ်သူဖြစ်ပါတယ်။

‘’ ညီမကို ပရိသတ်တွေ ချစ်ပေးကြလို့ ဝမ်းသာပါတယ်။ ပရိသတ်တွေ ချစ်ပေးကြတဲ့ အားနဲ့ အကောင်းဆုံး ကြိုးစားပြီးတော့ ရှေ့ဆက် ကြိုးစားသွားမှာပါ။ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးကြပါ ချစ်ပေးကြပါ။ ပြီးတော့ အကြံဉာဏ်တွေလည်း ပေးကြပါ’’ လို့ ဆက်လက်ပြောပြထားပါတယ်။

photo: RBV

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’တိမ်တိုက်တံတား’’ ရုပ်ရှင်ကားနဲ့ ‘’ကိုယ်စောင့်နတ်’’ ရုပ်ရှင်ကားတို့ကတော့ ၂၀၁၈ ခုနှစ်ရုပ်ရှင်ထူးချွန်ဆုအတွက် ဆန်ခါတင်စာရင်း ၂၅ ကားထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ သူမအတွက် ရင်ခုန်ပေးနေကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။

Photo: ခင်ဝင့်ဝါ

ခင်ဝင့်ဝါဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က