အနေအေးပေမယ့် အရမ်းစိတ်ထားကောင်းတယ်။

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပိုင်ဖြိုးသုရဲ့ အပြုအမှုလေးနဲ့ ကူညီပေးတတ်မှုကြောင့် ကျေးဇူးတင်မဆုံး ဖြစ်လို့နေပါတယ်။ ခင်ပွန်းဖြစ်သူ ခွဲစိတ်ဖို့ကိုလည်း ပိုင်ဖြိုးသုကပဲ ကူညီပေးတာလို့ ဆိုပါတယ်။

 

Photo : နှိုင်းယှဉ်

ပိုင်ဖြိုးသုက နိုင်ငံခြားက ပြန်ရောက်ရောက်ချင်းမှာ နှိုင်းယှဉ်မြင့်မိုရ်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ပြောရင်းနဲ့ နှိုင်းယှဉ်ကလည်း သူမခံစားနေတာတွေကို ပိုင်ဖြိုးသုဆီ ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။ ခင်ပွန်းဖြစ်သူ ကိုဘင်းတစ်ယောက် ဂရင်ဂျီနာ ဖြစ်နေပေမယ့် ခွဲစိတ်ဖို့ မတတ်နိုင်တဲ့အကြောင်း ကို ပိုင်ဖြိုးသုကို ရင်ဖွင့်ခဲ့ရာ ခွဲစိတ်ဖို့ အားလုံးကို ပိုင်ဖြိုးသုက ကူညီပေးခဲ့တယ်လို့ သူမက ပြောပါတယ်။

“ကိုဘင်းက ခွဲစိတ်ရမှာ ဖြစ်နေတာ။ ဂရင်ဂျီနာ ဖြစ်နေတာ။ မခွဲဘဲ ဆက်ထားရင် ကင်ဆာလိုဖြစ်သွားမှာ။ ဟိုတစ်နေ့က ပိုင်ဖြိုးသု နိုင်ငံခြားက ပြန်လာတော့ အမတို့ကို ဟော့ပေ့ါ လိုက်တိုက်တယ်။ မကြီး အဆင်ပြေလား ဘာလားပြောရင်းနဲ့ အမလည်း ရင်ဖွင့်ရင်းနဲ့ ကိုဘင်းအကြောင်း ပြောပြပေ့ါ။ မခွဲနိုင်ဘူးပေ့ါ ဈေးတွေ အရမ်းများတော့လေ အဲ့လိုပြောတော့ မကြီးကလည်း သမီးကို ပြောပေ့ါ။ သမီးလုပ်ပေးမှာပေ့ါဆိုပြီး ဂျပန်ဆေးရုံကြီးက ပါမောက္ခကြီးနဲ့ ချိတ်ပေးလိုက်တာ”လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

Photo : နှိုင်းယှဉ်

ပိုင်ဖြိုးသုရဲ့ ကျေးဇူးကြောင့် ကိုဘင်းတစ်ယောက် ခွဲစိတ်ဖို့အတွက် အဆင်ပြေသွားခဲ့ပြီး စက်တင်ဘာ(၁၈) ရက်နေ့မှာ ခွဲစိတ်ရမယ်လို့ သူမက ဆိုပါတယ်။

“သုသုကူညီတာအရမ်းအဆင်ပြေတယ် ။ အင်္ဂါနေ့ ဆေးရုံတက် ဗုဒ္ဓဟုးနေ့ ခွဲစိတ်ရမယ်။ သုသုနဲ့ကိုဏကြီးကို အရမ်းကျေးဇူးတင်တယ်။ အစစအရာရာ ကူညီတဲ့အတွက် သူတို့နှစ်ယောက်စလုံးက စိတ်ထားလည်း အရမ်းကောင်းတဲ့ လင်မယား နှိုင်းယှဉ် အရမ်းကျေးဇူးတင်ပါတယ်” လို့ သူမက ဆိုပါတယ်။

ပိုင်ဖြိုးသုဟာ သူမတို့နဲ့ ဖက်လဲှတကင်းမပေါင်းပေမယ့်လည်း သူမတို့ လိုအပ်ချက်တွေဆိုအမြဲတမ်း ဖြည့်ဆည်းပေးတဲ့ အနုပညာညီအစ်မတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

“သူက တကယ်စိတ်ကောင်းရှိတယ်။သူ့အလုပ်လေး သူလုပ်ပြီး အနေအေးတယ်ဆိုပေမယ့် အမတို့ လိုအပ်တာလေးတွေကို အမြဲတမ်း ကူညီပေးတယ်။ သူဒီထက်လည်း အောင်မြင်ဦးမှာပါ။ သူနဲ့ လက်တွဲဖော် ကိုဏကြီးနဲ့လည်း အရမ်းလိုက်ဖက်တယ်။ရိုးသားတယ်။ ဖြူစင်တယ်။ ကူညီပြီးရင်လည်း မဏ္ဍပ်တိုင်မတက်ပြဘူး။ တကယ်စေတနာကောင်းတယ်”ဆိုပြီး ပိုင်ဖြိုးသုရဲ့ စိတ်ဓာတ်လေးကို ချီးကျူးစကား ပြောထားတာ ဖြစ်ပါတယ်။

Photo : နှိုင်းယှဉ်

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။

Share

Loading Next Article...
က္က