ကောင်းတာလေးတွေ မျှဝေချင်တယ်။

ပွင့်နဒီမောင်ကတော့ အလှူအတန်းတွေလုပ်တိုင်း မီဒီယာတွေကို ဖိတ်ကြားရတဲ့ ရည်ရွယ်ချက်တွေကို အခုလို ပြောပြလာပါတယ်။ 

Photo : Pwint Nadi Mg



ပွင့်နဒီမောင်ကတော့ အလှူတွေလုပ်လို့ မီဒီယာကို ခေါ်တယ်ဆိုတာ ပေါ်ပင်ဖြစ်ဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူမအနေနဲ့ ကောင်းတဲ့ အလှူလေးတွေ လုပ်ရင် ပရိသတ်တွေကို သာဓုခေါ်စေချင်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ 

“ အရင်တုန်းက ပိုးအိလှူခဲ့တဲ့ အရာလေးတွေကို မီဒီယာကို ပြောစရာမလိုဘူးလို့ ပိုးအိ ထင်ခဲ့တာ။ ဒါပေမယ့် ရွှေတိဂုံဘုရားမှာဆိုရင် စောင်းတန်းကြီး တစ်ခု လှူထားတာတွေ့ရတော့ ကိုယ့်စိတ်ထဲမှာလည်း လှူချင်စိတ်ဖြစ်တယ်။ ပြီးတော့ အလှူရှင်မိသားစုနာမည်တွေလည်း ထိုးထားတော့ သူတို့ မိသားစုလိုမျိုး ငါတို့လည်း ဘယ်တော့ လှူနိုင်မလဲဆိုပြီးတော့ တွေးမိတယ်။ ဒီ နာမည်ထိုးထားတာကို ဖတ်မှ ကိုယ်တွေက သာဓုခေါ်လို့ရတာလေ။ ဒါကြောင့် အလှူကို မီဒီယာတွေခေါ်တယ်ဆိုတာကလည်း ကောင်းတာလုပ်တဲ့အတွက် ဒါလေးကိုတော့ မျှဝေချင်တယ်” လို့ သူကဆိုပါတယ်။ 

Photo : Pwint Nadi Mg

ပွင့်နဒီမောင် ကိုယ်တိုင်ကလည်း သူပြုခဲ့ဖူးတဲ့ ကုသိုလ်မှန်သမျှကို မြင်တွေ့တိုင်း အမျှဝေခွင့်ရဖို့ သေသေချာချာ မှတ်ထားတတ်တယ်လို့ ဆိုပါတယ်။

“ ဘုန်းဘုန်းကြီးတစ်ပါးဟောဖူးတာရှိတယ်။ ကိုယ်လှူတဲ့ အလှူမှာ တစ်ကျပ်ပဲ ဖြစ်ဖြစ်၊ တစ်ထောင်ပဲ ဖြစ်ဖြစ် ကိုယ့်အိမ်မှာ ရေးထားပါတဲ့။ ဒီအလှူကို ကိုယ်မြင်တိုင်း သာဓုခေါ်ဖြစ်တယ်ပေါ့နော်။ တစ်ခါတလေကျရင် ကိုယ်လှူထားတာကို ကိုယ်မေ့တတ်တာမျိုးတွေလည်းရှိတယ်လေ။ ဒီကျောင်းဆောင်မှာ ဒီဟာလေး လှူထားတာပဲ ဆိုပြီးတော့ ကိုယ်လှူထားတဲ့ အလှူလေးနဲ့ ပတ်သက်ပြီး မေတ္တာပို့တယ်၊ အမျှဝေခွင့်ရတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo : Pwint Nadi Mg

ပွင့်နဒီမောင်ကတော့ တစ်ခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချော တစ်ယောက်ဆိုရင် မမှားပါဘူး။ သူမကိုတော့ Music Video တွေမှာ အမြဲတမ်း တွေ့ရတတ်ပါတယ်။ ပွင့်နဒီမောင်ဟာ TV ကြော်ငြာတွေလည်းရိုက်ခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ လည်း ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ နီးပါးရှိပါပြီ။ အခုချိန်ထိလည်း အနုပညာအလုပ်တွေ လုပ်နေတဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က