လွှမ်းပိုင်တို့ စုံတွဲကို အားကျနေပါပြီတဲ့

ကျော်ဆုက လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲကိုကြည့်ပြီး ချစ်သူ ထားတော့မယ်လို့ ဆိုပါတယ်။ သူ့အတွက်တော့ နားလည်ပေးနိုင်မယ့် မိန်းကလေးမျိုး လိုအပ်ပါတယ်တဲ့။

Photo: ကျော်ဆု

သရုပ်ဆောင် ကျော်ဆုက သူ့ရဲ့ညီဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲကိုကြည့်ပြီး ချစ်သူရှာရတော့မယ်လို့ ဆိုပါတယ်။ အသက်ငယ်ငယ် ကောင်မလေးကိုပဲ ချစ်သူတော်မယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

‘’ ကျွန်တော်လည်း ရှာရတော့မယ်။ အသက်နည်းနည်းကြီးလာပြီ။ ကျွန်တော့်အသက်ထက်ကြီးတာရှာရင် တော်တော်ဆိုးသွားလိမ့်မယ်။ ငယ်တဲ့သူပဲ ရှာပါတော့မယ်’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ‘’အဆိပ်သွေး’’ ဇာတ်လမ်းတွဲ အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: ကျော်ဆု

အဲဒီနောက် လွှမ်းပိုင်တို့ ချစ်သူနှစ်ဦးကို အားကျတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ မျက်စိအရှေ့မှာလည်း အမြဲ တစ်တွဲတွဲ မြင်ရလေ့ရှိတယ်လို့ ဆိုပါတယ်။

‘’ အားကျတာပေါ့။ ဘာပဲပြောပြော ကျွန်တော့်အရှေ့မှာ မြင်နေ တွေ့နေရတာပဲလေ။ သူငယ်ချင်းလိုဖြစ်နေပြီ သူတို့နှစ်ယောက်က စိတ်ချင်းလည်း တူတယ်။ အလုပ်လုပ်တာကလည်း အဆိုတော်ပဲလေ။ တစ်ယောက်နဲ့ တစ်ယောက် ပျောက်သွားလို့ မရဘူး။ အမြဲတမ်း တတွဲတွဲပဲ’’ လို့ သူကဆိုပါတယ်။

Photo: ကျော်ဆု

ချစ်သူရှာဖွေတော့မယ့် ကျော်ဆုက သူလိုချင်တဲ့ ချစ်သူလေးပုံစံကို အခုလိုပြောပြလာပါတယ်။ အနုပညာသမား တစ်ယောက်ဖြစ်တာကြောင့် နားလည်ပေးဖို့ အဓိက လိုအပ်တယ်လို့ ဆိုပါတယ်။

‘’ အဓိက ကတော့ ကျွန်တော့်ကို နားလည်မှုပေးနိုင်ဖို့က အရေးကြီးတာပေါ့နော်။ ကျွန်တော်က ဒီအလုပ်ကိုလုပ်ရတာဆိုတော့ မင်းသမီးတွေနဲ့လည်း တွဲရတယ်၊ ပြီးတော့ ပတ်ဝန်းကျင်၊ ပရိသတ်တွေနဲ့လည်း ထိတွေ့နေရတဲ့ အခါကျတော့ သူ့ဘက်က နားလည်ပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ရင်တော့ ပိုကောင်းတာပေါ့’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: ကျော်ဆု

ကျော်ဆု ဟာ လွှမ်းပိုင်ရဲ့ အစ်ကိုအရင်းဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်ဘက်ကို အဓိကထား ဆောင်ရွက်နေသူဖြစ်ပါတယ်။ ကျော်ဆုကို ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့တာပါ။ မိန်းကလေးပရိသတ်တွေ အားပေးမှုရရှိထားတဲ့ မင်းသားချော တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Share

Loading Next Article...
က္က