ပရိသတ်တွေ သိပြီးသား သီချင်းလေးတစ်ပုဒ်ပါ။

ကိုယ်တိုင်လက်တွေ့ဘဝကို ခံစားပြီးရေးဖွဲ့ထားတဲ့ သီချင်းလေးအကြောင်းကို ဟန်နေတာက ပြောပြလာပါတယ်။ ဒီသီချင်းလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်ပါ။

ဟန်နေတာ ကတော့ သူ့ကို ပရိသတ်တွေ စတင်အားပေးခဲ့တဲ့ ‘’မိုးမခ အိပ်မက်ခရမ်းပြာ’’ သီချင်းအကြောင်းကို ပြောပြလာပါတယ်။ ဒီသီချင်းကတော့ သူ့ရဲ့ လက်တွေ့ဘဝအနေအထားကို စုစည်းရေးသားထားတဲ့ သီချင်းဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’မိုးမခ ခရမ်းပြာ သီချင်းဆိုရတဲ့ ခံစားချက်ကတော့ ရှိပါတယ်။ ကျွန်တော် ရုန်းကန်ခဲ့ရတဲ့ အကြောင်းတွေကို ခံစားချက်အတိုင်းရေးထားတာဆိုတော့ ဒီသီချင်းအပေါ် အစောကြီးကတည်းကလည်း ယုံကြည်တယ်။ ပရိသတ်တွေလည်း ဒီသီချင်းအပေါ် ငြိတွယ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အချိန်တော့ တော်တော်စောင့်ခဲ့ရတာပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Vivo 7 မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ပရိသတ်အားပေးမှုရရှိနေတဲ့ အဆိုတော် ဟန်နေတာ ဟာ သူ့ကို အမာခံအားပေးတဲ့ ပရိသတ်တွေနဲ့ ဂီတလောကမှာ ရပ်တည်နေတာ ကြာပြီလို့ ဆိုပါတယ်။ အခုဆိုရင်တော့ အရင်ကထက်ပို အောင်မြင်လာတဲ့ အချိန်မှာ နေရခက်တာတွေရှိတယ်လို့ သူကဆိုပါတယ်။

‘’ကျွန်တော်က တိုက်ရိုက် Fan နဲ့ပဲ သွားနေတာတော်တော်ကြာပြီ။ Fan တွေကလည်း တဖြည်းဖြည်းနဲ့ များလာပြီ။ ဘာပဲပြောပြာ FG မှာက တင်ဆက်မှုအားလည်းကောင်းတော့ ပြည်သူလူထုက သိသွားတဲ့အတွက်ကြောင့် အာရုံစိုက်မိတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က လူများများရှိတဲ့နေရာတောင် သွားရတာ အဆင်မပြေတဲ့လူပါ။ အခုလို ဖြစ်သွားတဲ့အခါကျတော့ အတွေ့အကြုံတစ်ခုရတာပေါ့နော်။ အခုလည်း နည်းနည်းတော့ ကျင့်သားရနေပါပြီ’’ လို့ ပြောပါတယ်။

ဟန်နေတာကိုတော့ ‘’ မိုးမခ အိပ်မက်ခရမ်းပြာ’’ ဆိုတဲ့ သီချင်းနဲ့ အားပေးတဲ့ ပရိသတ်အများအပြားရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မင်းသမီးခင်ဝင့်ဝါကို မွေးနေ့အကြို ပုံတူ ပန်းချီကား လက်ဆောင်ပေးခဲ့တဲ့သူအဖြစ်နဲ့လည်း ပရိသတ် စိတ်ဝင်စားမှု ပိုရလာတဲ့ အဆိုတော် တစ်ယောက်ပါ။ ဟန်နေတာ ရဲ့ ဂီတကိုတော့ ပရိသတ်တွေသာမက ဂီတအနုပညာရှင် အချင်းချင်းကပါ အားပေးဝန်းရံခဲ့တာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က