loading...

loading...

loading...

အချစ်ဇာတ်ကားလေးတွေလည်းရိုက်ထားတယ်။
Sabal Thwin

ခင်ဝင့်ဝါ ကိုယ်တိုင် ခံယူထားတဲ့ အချစ်ရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’အကြင်နာမြစ်ဖျား’’ ဇာတ်လမ်းတွဲလေးကလည်း အချစ်ဇာတ်ကား တစ်ကားပဲလို့ ဆိုပါတယ်။

Photo: Khin Wint Wah

ခင်ဝင့်ဝါကတော့ သူမကိုယ်တိုင် ခံယူထားတဲ့ အချစ်ရေးအကြောင်းတွေ ပြောပြလာပါတယ်။ လက်ရှိမှာတော့ သူ့အတွက် တိုင်ပင်ဖော် တိုင်ပင်ဖက်ကတော့ အမေ နဲ့ အစ်မ တို့ဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတယ်။ ကိုယ်က အခုချိန်မှာ အနုပညာအလုပ်တွေကို အကောင်းဆုံး ကြိုးစားပြီးတော့ နေတယ်။ ကိုယ့် အနုပညာအလုပ်ကိုပဲ အားစိုက်နေတယ်။ အမေနဲ့ကတော့ အစစအရာရာ တိုင်ပင်ဖြစ်တယ်။ အမေကတော့ အနီးဆုံးရှိတာကိုး။ အမြဲတမ်းလည်း လိုက်ပေးနေတာဆိုတော့ အမေက ကိုယ့်ကို ဝေဖန် သုံးသပ်ပေးတယ်။ အစ်မကလည်း သုံးသပ်ပေးတယ်။ ကိုယ့်အတွက် တိုင်ပင်ဖော်ကတော့ အမေ နဲ့ အစ်မပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Khin Wint Wah

ခင်ဝင့်ဝါကတော့ အောက်တိုဘာလ ၂၃ ရက်နေ့ကနေစပြီး MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ့် ‘’အကြင်နာ မြစ်ဖျား’’ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း ဆရာဝန်မလေး ချောစု အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကလည်း အချစ်ဇာတ်ကား ကောင်းလေး တစ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

‘’ ဒါကတော့ အချစ်ဇာတ်လမ်းတွဲပေါ့နော်။ ၅၂၈ ၊ ၁၅၀၀ ပေါ့နော်။ ဒီဇာတ်ကားထဲမှာ ညီမရဲ့ ကာရိုက်တာက နှလုံးသားထက် ဦးနှောက်ကို ရွေးချယ်ရတဲ့ အပိုင်းပေါ့နော်။ ဒါကတော့ လူတိုင်း ကြုံတွေ့နေကြမှာပဲပေါ့နော်။ ဘယ်အရာက အဓိက၊ ဘယ်အကြောင်းအရာက ဘယ်လို ဆိုတာတွေကို အကောင်းဆုံး ကြိုးစားထားပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့ညက ‘’အကြင်နာ မြစ်ဖျား’’ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Khin Wint Wah

ခင်ဝင့်ဝါ(Khin Wint Wah)ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က