သိန်း ၅၀၀၀ လောက် ကုန်ကျခဲ့တဲ့ အိမ်အကြောင်းပြောပြလာပါတယ်။

ပိုပိုက လက်ရှိမှာ အိမ်ဆောက်နေတဲ့ ကုန်ကျစရိတ် ကျပ်သိန်း ၅၀၀၀ ဟာ သူမရဲ့ အနုပညာကြေးထဲကနေ စုဆောင်းထားတဲ့ ပိုက်ဆံတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ်ကတည်းက အောင်မြင်လာတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: ပိုပို

ပိုပိုက သိန်း ၅၀၀၀ လောက် အကုန်ကျခံဆောက်လုပ်နေတဲ့ သူမရဲ့ အိမ်အကြောင်းကို ပြောပြလာပါတယ်။ ဒီ သိန်း ၅၀၀၀ ကလည်း သူ့ရဲ့ အနုပညာကြေးထဲက ရတဲ့ ငွေကို ၅ နှစ်တာ စုထားတဲ့ ပိုက်ဆံနဲ့ ဆောက်နေတာ ဖြစ်တယ်လို့လည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ပိုပိုက အဲဒီလိုမျိုးပြောရင် ရယ်ချင်တယ်။ ဘာမှတော့ မဖြစ်ပါဘူး။ ခံလည်း မခံစားရဘူး။ ကိုယ်ကတော့ ရိုးရိုးသားသားနဲ့ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးတော့ လုပ်တာလေ။ ပိုပိုက ၂၀၁၄ ခုနှစ်မှာ စပြီးတော့ အောင်မြင်လာတဲ့ အဆိုတော်ပါ။ အခု ၂၀၁၉ ဖြစ်နေပါပြီ။ ၅ နှစ်တာ ရှာထားတဲ့ ပိုက်ဆံတွေနဲ့ စုတာပေါ့။ ဖြတ်လမ်းနည်းတွေနဲ့ ရှာရင် တစ်နှစ်အတွင်း အရမ်းချမ်းသာသွားမှာ ကိုယ်ကလည်း အဲဒီလို ဖြတ်လမ်းနည်းတွေ မလုပ်ဘူး။ ဝါသနာလည်း မပါဘူး’’ လို့ သူက ဆိုပါတယ်။

Photo: ပိုပို

သူမဟာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လာပြီး ၂ နှစ်ခွဲအကြာမှာ ကိုယ်ပိုင်မြေလေး ဝယ်နိုင်ခဲ့ပါတယ်တဲ့။ လက်ရှိမှာလည်း အိမ်ဆောက်နေတာတွေက ဘဏ်က ချေးထားတဲ့ ငွေကြေးတွေလည်း ပါတယ်လို့ ဆိုပါတယ်။

‘’ပိုပိုက ၂ နှစ်ခွဲလောက် ပိုက်ဆံစုပြီးမှ မြေလေး ဝယ်နိုင်တာပါ။ နောက် ၃ နှစ်ကျော်ကျော်လောက်မှာမှ အိမ်စ ဆောက်ဖို့ လုပ်တာပေါ့။ ပြီးတော့ အထင်သိပ်မကြီးပါနဲ့ ဘဏ်က ပိုက်ဆံချေးပြီးတော့ ဆောက်ထားတာပါ။ ထပ်ပြီးတော့ ပိုက်ဆံချေးဖို့တွေလည်းရှိသေးတယ်။ ပရိသတ်တွေထဲက ကိုယ့်ကို ချစ်တဲ့သူတွေရှိရင်လည်း ပိုက်ဆံချေးလို့ရတယ်နော်’’ ဆိုပြီးတော့ ဆံပင်လေးကိုင်ရင်း သဘောကျရယ်မောလျှက် ပြောပြခဲ့ပါတယ်။

Photo: ပိုပို

ပိုပို က သူမ ပိုင်ဆိုင်တဲ့ အိမ်၊ မြေ နေရာတွေအတွက် ပုံမှန် အခွန်ဆောင်ခဲ့တယ်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါသေးတယ်။

‘’အခွန်ဆောင်တယ်၊ အခွန်ထမ်းတယ်ဆိုတာကတော့ ပိုပိုတို့က မဆောင်ချင်လည်း ဆောင်ရမှာပဲ။ အဲဒါကြောင့် ပိုပိုလည်း အခွန်ဆောင်ထားပါတယ်။ အခွန်ဆောင်တာတော့ ၃ နှစ်လောက်ရှိပါပြီ။ ပိုပိုတို့ မြေဝယ်တုန်းကလည်း အခွန်ဆောင်ထားတယ်။ မဆောင်ပဲနဲ့ ဘယ်ဟာမှ မရပါဘူး’’ လို့ ဆိုပါတယ်။

Photo: ပိုပို

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

အဆိုတော် ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က