နေခြည်ဦးက Romance ဆန်တဲ့ ပုံစံလေးတွေ ရိုက်ရတာကို သဘောကျတဲ့သူပါ။ ဒါကြောင့်လည်း OMG ကြော်ငြာရိုက် ဖြစ်ခဲ့တာပါတဲ့။
Photo: OMG
နေခြည်ဦးက လက်ရှိ ပရိသတ်တွေကြားရေပန်းစားနေတဲ့ OMG အားကစားဝတ်စုံ ကြော်ငြာလေး ရိုက်ကူးဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။ သူနဲ့ အတူတွဲရိုက်တဲ့ ကောင်လေးချောချောလေးကတော့ ထိုင်းက မော်ဒယ်လေးပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’အခုခေတ်ကလည်း လူငယ်တွေရဲ့ အချစ်တွေကို ပိုပြီးတော့ ပေါ်လွင်တဲ့ Life Style မျိုးက အရမ်းပေါက်တော့ OMG ဘက်ကပဲ နိုင်ငံခြားသားဆိုရင် ပိုပြီးတော့ အမြင်လည်းဆန်းမယ်ပေါ့နော်။ ဒါပေမယ့် မြန်မာတွေ ကြည့်ရင် ချစ်မယ့် ပုံစံမျိုးဆိုတော့ ထိုင်းက မော်ဒယ်တစ်ယောက်ကို ခေါ်ပြီးတော့ နေခြည်တို့ ရိုက်ဖြစ်တာပါ။ အမှတ်တရကတော့ ဒီဟိုတယ်ကို ရောက်ရောက်ခြင်း ချွတ်ချဆိုတော့ လန့်သွားတယ်။ အဆင်မပြေဘူးပေါ့’’ လို့ သူကဆိုပါတယ်။
Photo: OMG
ဒီကြော်ငြာရိုက်တဲ့အချိန်မှာလည်း အခက်အခဲမရှိ အောင်အောင်မြင်မြင်ရိုက်ကူးနိုင်ခဲ့တယ်လို့ နေခြည်ဦးက ပြောပါတယ်။ ပရိသတ်အကြိုက်နဲ့ထပ်တူကျမယ်လို့လည်း မမျှော်လင့်မိခဲ့ဘူးလို့ သူကဆိုပါတယ်။
‘’ တစ်ယောက်နဲ့တစ်ယောက်က မသိကြပေမယ့် နိုင်ငံခြားသားဖြစ်လို့လားမသိဘူး Chemistry အရမ်းမိတယ်။ သူကလည်း လုပ်ရဲတယ်။ နေခြည်တို့က ဖက်နမ်းနေကြတာမဟုတ်ဘူး။ နေခြည်တို့က အရင်ဆုံး Couple Power ကိုပြချင်တဲ့အတွက် ချစ်သူတွေလို Mood သွင်းတယ်။ ဒီလိုမျိုးထွက်လာတဲ့အချိန်မှာလည်း ပရိသတ်တွေ ဒီလောက်ကြီးချစ်မယ်လို့ နေခြည်မထင်ဘူး။ ဒါပေမယ့် ကိုယ်လုပ်ပေးလိုက်တဲ့ကြော်ငြာလေးတစ်ခု ပေါက်သွားတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁၄ ရက်နေ့က ‘’အိပ်မက်တွေ မိုးထားတဲ့အိမ်’’ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: OMG
နေခြည်ဦးဟာ OMG ကြော်ငြာကြောင့် ချစ်သူနဲ့ လမ်းခွဲခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူမကိုယ်တိုင်က ရိုက်ဖို့ လက်ခံခဲ့တာပါတဲ့။
‘’ နေခြည်က ရိုက်ချင်တယ်။ လာမငှားတာပေါ့နော်။ နေခြည်က Romance တွေအရမ်းရိုက်ချင်တယ်။ ပွင့်ဆို အရမ်းသိတယ်။ နေခြည်နဲ့ ပွင့်နဲ့ဆိုရင် Romance ပြင်းပြင်းလေးတွေရိုက်ဖို့ရှိတယ်။ ဒီဟာလေးရိုက်တော့လည်း နေခြည့်မှာ အခက်အခဲမရှိဘူး။ ရည်းစားရှိတာက ရှိတာပဲ ဒါပေမယ့် အလုပ်ဆိုတော့ နှစ်ယောက်တည်း ပလူးနေတာလဲမဟုတ်ဘူးလေ ဘေးနားမှာ ကင်မရာတွေရော Team တွေရော အကုန်ရှိတာဖြစ်တဲ့အတွက် ဒီကြော်ငြာလေး ပေါက်ပါစေ ဆိုတဲ့စိတ်နဲ့ နေခြည်တို့ရိုက်လိုက်တာပါ’’ လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Nay Chi Oo
နေခြည်ဦး(Nay Chi Oo)ကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ ရုပ်ရှင်ဇာတ်ကားအပြင် နောက်ထပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ မကြာသေးခင်မှာတော့ မြန်မာလူမျိုး ဂျပန်အဆိုတော်တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းနဲ့ အတူ ‘’အိပ်မက်တွေမိုးထားတဲ့ အိမ်’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးတော့မယ်လို့ သိရပါတယ်။