အဆိုတော်တွေ နေတဲ့ရွာ ဇာတ်ကားထဲမှာ အရမ်းလန်းနေမှာလေ။

ဝါဝါအောင်ဟာ '' အဆိုတော်တွေ နေတဲ့ရွာ'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပွဲစီစဉ်သူ ဒီဇိုင်နာ ဒိတ်ဒိတ်ကြဲ ဆိုတဲ့ မမကြီး နေရာက ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပရိသတ်မြင်ဖူးနေကြ မဟုတ်တဲ့ ဒီဇိုင်းလေးကိုလည်း ဝါဝါအောင်က သူကိုယ်တိုင် စဉ်းစားပြီး ဖန်တီး ဝတ်ဆင်ခဲ့တယ်လို့ ဆက်လက် ပြောပြလာပါတယ်။

 

သရုပ်ဆောင် ဝါဝါအောင်ဟာ '' အဆိုတော်တွေ နေတဲ့ရွာ'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပွဲစီစဉ်သူ ဒီဇိုင်နာ ဒိတ်ဒိတ်ကြဲ ဆိုတဲ့ မမကြီး နေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ကာရိုက်တာနာမည်နဲ့ လိုက်ဖက်အောင် ဒိတ်ဒိတ်ကြဲ ကြိုး စားထားတဲ့ အကြောင်းကိုလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



'' ဒီဇာတ်ကားထဲမှာ အန်တီဝါက ပွဲစီစဉ်သူ ဒိတ်ဒိတ်ကြဲနေရာက သရုပ်ဆောင်ရတာပါ။ ကိုယ့်ကိုယ်ကို အသက်ကြီးတယ်လို့ အပြောမခံဘူး၊ မမ နေရာကပဲ နေလာတာ ကိုယ်အသက်ကြီးတာကို အသက်ကြီးတယ်လို့ အပြောမခံချင်တဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ထားတယ်။ ဒါရိုက် တာ ရာဇဝင်ကိုကလည်း သူလိုချင်တဲ့ ပုံစံလေးကိုပြောပြတယ်၊ သူနဲ့ကတော့ လက်တွဲညီတဲ့ သားအမိတွေပါပဲ'' လို့ ဆိုပါတယ်။

Photo: Aung Thiri Production


ပါဝင်ရတဲ့ ဇာတ်ရုပ်နဲ့လည်း လိုက်ဖက်မှုရှိအောင် ဖက်ရှင်က အစ သေသေချာချာ စဉ်းစားရတယ်လို့ ဆိုပါတယ်။ ပရိသတ်မြင်ဖူးနေကြ မဟုတ်တဲ့ ဒီဇိုင်းလေးကိုလည်း ဝါဝါအောင်က သူကိုယ်တိုင် စဉ်းစားပြီး ဖန်တီး ဝတ်ဆင်ခဲ့တယ်လို့ ဆက်လက် ပြောပြလာပါတယ်။

'' ဒီဇာတ်ကားမှာကျတော့ ပွဲစီစဉ်သူ အဆိုတော် မကြီးပေါ့လေ၊ အန်ကယ်တို့ စုံတွဲလည်းပါတယ်။ မြင်လိုက်တာနဲ့ ကိုယ့်ကို ထင်းထင်းကြီး မထော်မနန်းဖြစ်စေတာပေါ့။ အဲ့ဒါနဲ့ အရောင်ကြောင်တာလေးတွေကို စဉ်းစားပြီး ကိုယ်ဝတ်နေကြ ကိုယ်လုပ်နေကြ မဟုတ်တဲ့ ပုံစံတွေနဲ့ ထော်လော်ကန့်လန့် ဖြစ်စေမယ့် အိုင်ဒီယာလေးကို စဉ်းစားဖြစ်လိုက်တာပါ'' လို့ ပြောပါတယ်။

ပါးစပ်မစိအောင် ရယ်နေရမယ့် ''အဆိုတော်တွေ နေတဲ့ရွာ'' 

 

အဲ့ဒီနောက် ဝါဝါအောင်ဟာ မြန်မာပြည်သိန်းတန်ရဲ့ ဇနီးဖြစ်သူ ဒေါ်နုနန္ဒာသန်းရဲ့ သူငယ်ချင်းနေရာကပါဝင်သရုပ်ဆောင်ရမှာ ဖြစ်လို့ သေသေချာချာလေး သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ့ထက်ပိုလုပ်ပေးချင်တဲ့ ပုံစံလေးတွေရှိသေးတယ်ဆိုတာကို သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက အဆိုတော်တွေ နေတဲ့ရွာ ဇာတ်ကားအထူးပြသပွဲက Duwun Media ကို သီးသန့် ပြောပြခဲ့တာဖြစ်ပါတယ်။

'' ဒီဇာတ်ကားထဲမှာ မနုနန္ဒာသန်း လည်း ပါတော့ တဆင့်လောက် လျှော့ပေးရမယ်ပေါ့။ ဟိုဘက်ကိုလည်း နည်းနည်းလေး ပံ့ပိုးပေးရမှာ ဆိုတော့ အန်တီဝါ့ဘက်ကို အရမ်းကြီး မလုပ်ဖို့၊ တကယ်တော့ လုပ်ချင်သေးတယ် Yes တို့ No တို့ကို မတ်တပ်ရပ်ပြီး လုပ်လိုက်တာမျိုး ပေါ့နော်။ သူတို့ လိုချင်တဲ့ ပုံစံမျိုးဖြစ်အောင် အန်တီဝါ လုပ်ပေးရတာပါ'' လို့ သူကဆိုပါတယ်။

 

ဝါဝါအောင် ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန် ထိ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြင်ဆင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်အခိုင်အမာ ရရှိနေတာ ဖြစ်ပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က