ဝမ်းသာစရာ သတင်းတွေပဲ ပေးချင်တာ။

နေလင်းကျော်ကတော့ အင်တာဗျူးတွေဖြေရင်း ငိုမိသွားတဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။

Photo: Nay Lin Kyaw



နေလင်းကျော်ကတော့ Myanmar idol (season-4) သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက်မှာတော့ ပွဲတွေ တောက်လျှောက် တတ်နေရတာ ဖြစ်ပါတယ်။ သူဟာ မီဒီယာ အင်တာဗျူး တချို့မှာ အင်တာဗျူးဖြေရင်း ငိုမိသွားတဲ့ အပေါ် အားပေးတဲ့ ပရိသတ်ရှိသလို ဝေဖန်ကြတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ တကယ် ခံစားရလို့ ငိုခဲ့မိတာလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ကျွန်တော် ငိုလိုက်တဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ဝမ်းနည်းသွားတဲ့သူတွေရှိတော့ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အရမ်း ခံစားခဲ့ရလို့ ငိုမိသွားတာပါ။ ကျွန်တော်က ပျော်ပျော်နေတတ်တဲ့အတွက် ပရိသတ်ကို ဝမ်းသာစရာအကြောင်းတွေ၊ ကောင်းသော သတင်းတွေကိုပဲ ပေးချင်တယ်။ ကျွန်တော်ငိုတာက ဒရာမာချိုးတာ မဟုတ်ပါဘူး၊ ဒရာမာလည်း မချိုးတတ်ပါဘူး။ အရင်ကတည်းက ကောင်းကောင်းမွန်မွန်ပဲ နေထိုင်လာတာဖြစ်တဲ့အတွက် ဒရာမာ ဆိုတာ မရှိပါဘူး”လို့ သူကဆိုပါတယ်။

Photo: Nay Lin Kyaw

နေလင်းကျော်ရဲ့ အချစ်ရေးအကြောင်းတွေကိုတော့ သူ့ရဲ့ ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။ ဒါပေမယ့် သူကတော့ အချစ်ရေးမှာ သင်ခန်းစာတွေ အများကြီး ရခဲ့တယ်လို့ ဆိုပါတယ်။

“ အချစ်ရေးမှာ သင်ခန်းစာဆိုတာမျိုးမဟုတ်ပဲ အတွေ့အကြုံတွေ အများကြီးရသွားပါတယ်။ တချို့အရာတွေလည်း ကောင်းတဲ့အရာတွေရှိသလို၊ တချို့အရာတွေလည်း မကောင်းဘူးပေါ့နော်။ ဒါတွေအားလုံးက အချစ်ကြောင့်ပဲ ချစ်ကြ၊ ခင်ကြ၊ ကြင်နာကြတာဖြစ်လို့ ဒီအကြောင်းကို ထွေထွေထူးထူး ပြောလို့မရဘူး” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က Myanmar idol Show ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nay Lin Kyaw

နေလင်းကျော်ကိုတော့ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒီ သီချင်းဆိုပြိုင် ပွဲမှာ တော့ Top-10 အထိ ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ Top-10 ( 3rd Week )Result Show မှာတော့ သူဟာ နှုတ်ဆက်ထွက်ခွာခဲ့ရသူ တစ်ယောက်ပါ။ လက်ရှိမှာလည်း ဖျော်ဖြေပွဲတွေမှာ သီချင်းတွေ ဆိုနေရပြီလို့ သိရပါတယ်။ နေလင်းကျော်ကို Model ဇာဇာထက်ရဲ့ ရည်းစားဟောင်းဆိုပြီး သတိထားမိခဲ့တဲ့ ပရိသတ်တွေလည်းရှိပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က