loading...

loading...

loading...

သူ့ရဲ့ အစ်ကိုက Duwun Media ကို ဖြေဆိုခဲ့တာပါ။
Sabal Thwin

 စိုင်းဆိုင်မောဝ့် ကွယ်လွန်သွားတဲ့ သတင်းဟာ မဟုတ်မှန်ဘူးလို့ သူ့ရဲ့ အစ်ကိုဖြစ်သူက Duwun Media ကို ပြောလာပါတယ်။ ကျန်းမာရေးကောင်းတယ်လို့ ဆိုပါတယ်။ 

Photo: စိုင်းဆိုင်မောဝ့်

အဆိုတော် စိုင်းဆိုင်မောဝ့် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ အမှန်မဟုတ်တဲ့အကြောင်း စိုင်းဆိုင်မောဝ်ရဲ့ အစ်ကိုဖြစ်သူက ပြောပြလာပါတယ်။ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး Duwun Media ရဲ့ မေးမြန်းမှုတွေကို စိုင်းဆိုင်မောဝ့်ရဲ့ အစ်ကိုက ဆက်လက်ဖြေဆိုခဲ့ပါတယ်။ 

“ သူ့ရဲ့ ကျန်းမာရေး အခြေအနေကတော့ တိုးတက်ကောင်းမွန်လာပါတယ်။ သေဆုံးသွားပြီဆိုတဲ့ သတင်းကတော့ မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်ဆိုတာက ဒီလိုပါပဲ တစ်ယောက် တစ်ပေါက်နဲ့။ အခု ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကလည်း မန္တလေးမြို့က မတ္တရာ ဆေးရုံမှာပါ” ဆိုပြီးတော့ စိုင်းဆိုင်မောဝ်ရဲ့ အစ်ကိုက Duwun Media ကို ပြောပြခဲ့ပါတယ်။ 

Photo: စိုင်းဆိုင်မောဝ့်

စိုင်းဆိုင်မောဝ်ါရဲ့ ကျန်းမာရေးကတော့ ဇန်နဝါရီလ ၂ ရက်နေ့ အထိ စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း သိရပါတယ်။ အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်သွားပြီလို့ သတင်းတွေ ထွက်လာတဲ့ အချိန်မှာတော့ အနုပညာညီအစ်ကို မောင်နှမတွေ၊ သူ့ရဲ့ သီချင်းတွေကို အားပေးကြတဲ့ ပရိသတ်များစွာတို့က အင်မတန် စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းတွေကို “ချယ်ရီတွေ ငိုနေပြီ နန်းရေ” ဆိုတဲ့ စာသားလေးနဲ့ အတူ လူမှုကွန်ယက် စာမျက်နှာတွေမှာ ရေးခဲ့ကြတာဖြစ်ပါတယ်။ စိုင်းဆိုင်မောဝ့်ဟာ ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ကျောက်ကပ်ရောဂါခံစားနေရတဲ့အပြင် လေဖြန်းပြီး ချော်လဲရာက ခေါင်းနဲနဲထိသွားတာကြောင့် အာရုံကြောလည်း နဲနဲထိသွားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က