သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။

လူရွှင်တော် ကံပွင့်ကတော့ Covid ကာလမှာ ကွယ်လွန်ခဲ့ကြတဲ့ လူရွှင်တော်ကြီးတွေရဲ့ ဈာပနကို ကူညီဖို့ အခွင့်အရေးမရှိခဲ့တဲ့အပေါ် သူ့ရင်ထဲက ခံစားချက်ကို ပြောပြလာပါတယ်။ 

Photo: Kan Pwint



Covid ကာလအတွင်းမှာဝါရင့်လူရွှင်တော်ကြီးတွေ ဖြစ်တဲ့ ဦးမန်းဝင်းနဲ့ ဦးပလာတာတို့ ကွယ်လွန်သွားခဲ့ကြပြီဖြစ်ပါတယ်။ အခုလို ကွယ်လွန်သွားတဲ့ အချိန်မှာ လူရွှင်တော် ကံပွင့်က ကိုယ်တိုင်သွားရောက် ကူညီခွင့်မရတဲ့ အပေါ် Duwun ကနေ ပြောပြလာပါတယ်။ 

“ Covid ကာလအတွင်းမှာဆိုရင် အဖေဆရာတစ်ယောက်လို လေးစားရတဲ့ ဦးမန်းဝင်း၊ အဖေကြီး ဦးပလာတာ၊ အရှေ့မှာလည်း ကွယ်လွန်သွားကြတဲ့ အဖေဆရာ၊ အစ်ကို ဆရာတွေ အများကြီးပါ။Covid အချိန်မှာ ကွယ်လွန်သွားတဲ့ ဆရာတွေ အတွက် ပိုစိတ်မကောင်းဖြစ်ရပါတယ်။ အရင်တုန်းကဆိုရင် လူရွှင်တော် တစ်ယောက်ယောက် ကွယ်လွန်တယ်ဆိုရင် မြန်မာနိုင်ငံ လူရွှင်တော်များ အသင်းကနေ စည်းစည်းလုံးလုံးနဲ့ ဈာပန ကိစ္စအဝဝကို ဆောင်ရွက်ပေးလေ့ရှိကြတယ်။ ဒီကာလမှာကျတော့ အဲဒီလိုလည်း ဆောင်ရွက်ပေးလို့မရဘူး။ သတင်းလေးတွေ တက်လာရင်ဖတ် ဒါတွေကို ကြည့်ရင်းနဲ့ စိတ်မကောင်းဖြစ်ရတယ်” လို့ သူကဆိုပါတယ်။ 

ကွယ်လွန်သွားပြီဖြစ်တဲ့ လူရွှင်တော်ကြီးတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ကံပွင့်ဟာ မြန်မာနိုင်ငံ လူရွှင်တော်များအသင်းမှာ အမှုဆောင် တစ်ဦးအနေနဲ့ ပါဝင်လျှက်ရှိတယ်လို့ သိရပါတယ်။ လူရွှင်တော် အသင်းသားတွေ အနေနဲ့ ကွယ်လွန်သွားသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ငွေကြေးထောက်ပံ့မှုတွေ လုပ်ပေးလေ့ရှိတယ်လို့ သူက ဆိုပါတယ်။ 

“ ကွယ်လွန်သွားကြပြီဖြစ်တဲ့ လူရွှင်တော်ကြီးတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ဦးကံပွင့်တို့ လူရွှင်တော် အသင်းက တစ်သိန်း ပံ့ပိုးပေးလေ့ရှိပါတယ်။ အခုဆိုရင် အဖေကြီး ဦးပလာတာ ကွယ်လွန်ပြီဆိုတာနဲ့ ကျန်ရစ်သူ မိသားစုတွေကို လူရွှင်တော် အသင်းက ငွေကျပ် တစ်သိန်း သွားရောက် ပံ့ပိုးပေးခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ လူရွှင်တော်ကြီးတွေ အတွက် လူရွှင်တော် အသင်း အနေနဲ့ရော၊ ဦးကံပွင့် အနေနဲ့ရော ထဲထဲဝင်ဝင် လိုက်ပါပြီး ဆောင်ရွက်မပေးနိုင်တာကို တကယ် စိတ်မကောင်းဖြစ်မိပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Kan Pwint

လူရွှင်တော် ကံပွင့်ဟာ လက်ရှိမှာတော့ သဘင်အစည်းအရုံးမှာ EC အဖွဲ့ဝင် တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ ဟာသပြိုင်ပွဲတွေမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က