သူကိုယ်တိုင်ကလည်း သင်ခန်းစာကောင်းတွေရစေချင်တယ်လို့ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး နေတိုး ရဲ့ ရင်တွင်းစကားကို အခုလို ပြောပြလာပါတယ်။ သူကိုယ်တိုင်ပါဝင်ရိုက်ကူးလေ့ရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေကို ကောင်းသော ဗဟုသုတတွေရစေချင်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အကယ်ဒမီ နေတိုးက လက်ရှိဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်း မှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း ဒီလို အကြောင်းအရာတွေကို ပညာပေးအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီးတော့ သက်ငယ်မုဒိမ်း ပညာပေး အနေနဲ့လည်း ရိုက်ထားတာပါတယ်။ ပြီးတော့ လူကုန်ကူးမှုတိုက်ဖြတ်ရေး မျိုးတွေနဲ့ ဆက်နွယ်နေမှုတွေလည်း ပါပါတယ်။ ဇာတ်လမ်းရဲ့ တည်ဆောက်မှုပုံစံနဲ့ တင်ပြတဲ့အပိုင်း ကတော့ ပရိသတ်ဆီကို ပြည့်ပြည့်စုံစုံရောက်လာမှာပါ။ လောလောဆယ်တော့ သက်ငယ်မုဒိမ်းမှုနဲ့ လူကုန်ကူးမှု ပညာပေးဇာတ်ကားလေး ဖြစ်တယ်ဆိုတာပါပဲ’’ ဆိုပြီးတော့ ဇူလိုင်လ ၂ ရက်နေ့က Media 7 နဲ့ စာချုပ်ချုပ်ဆိုတဲ့ ပွဲမှာ အခုလို ဖြေဆိုခဲ့တာပါ။

Photo: Nay Toe

အဲဒီနောက် နေတိုးက သူလက်ခံရိုက်ကူးလိုက်တဲ့ ဇာတ်ကားတိုင်းကနေတဆင့် ပရိသတ်တွေကို ဗဟုသုတကောင်းတွေပဲပေးချင်တယ်လို့ ဆိုပါတယ်။

‘’ ကျွန်တော်ရိုက်တဲ့ ဇာတ်ကားတွေမှာလည်း အမြဲတမ်း Message ကောင်းကောင်းလေးတွေ၊ အသိပညာနဲ့ ဗဟုသုတရစရာ အကြောင်းအရာလေးတွေ၊ တွေးတော ဆင်ခြင်နိုင်မယ့် အကြောင်းအရာလေးတွေလည်းပါပါတယ်။ တရားဥပဒေ စိုးမိုးဖို့အတွက်ကို ကျွန်တော်တို့ ဒီဇာတ်ကားလေးက တွန်းအားလည်းပေးတယ်။ ဘဝရှိတဲ့အခါကျတော့ ဘဝ နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ကျွန်တော်တို့ တက်တဲ့ အနုပညာနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး တင်ပြထားတယ်ပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Nay Toe

နေတိုးဟာ ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

Photo: Nay Toe

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က