သူမရဲ့ ခံစားချက်တွေ ပြောပြလာပါတယ်။

ပိုပိုက LGBT တွေမှာလည်း ကိုယ်ပိုင်အခွင့်အရေးရှိတယ်လို့ ဆိုလာပါတယ်။ သူမဟာ LGBT တွေနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

ပရိသတ်အချစ်တော် အဆိုတော်မလေး ပိုပိုက LGBT နဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် မိန်းမလျာတွေနဲ့ အပေါင်းအသင်း ဖြစ်ရတာလည်း အရမ်းကိုပျော်စရာကောင်းတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။



‘’ ပို တို့ အနုပညာလောကထဲကို စစဝင်ကတည်းက မိန်းကလျာတွေက အမြဲတမ်း ကိုယ့်ဘေးနား မှာရှိနေတာကိုး။ သူတို့အပေါ်ကိုလည်း အစ်မတွေ၊ ညီမတွေလိုပဲ မြင်မိတယ်။ သူတို့ရှိနေရင် ပျော်တယ်။ သူတို့ကို ချစ်တယ်၊ သူတို့နဲ့ ရယ်နေ ပျော်နေရရင် စိတ်ချမ်းသာတယ်’’ လို့ ပြောပါတယ်။

နောက်ထပ်လည်း ပိုပိုက ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဖွင့်ထုတ်မပြရဲတဲ့ LGBT တွေအတွက် အားပေးစကားပြောပြလာပါတယ်။ ဂရုစိုက်စရာ မလိုဘူးလို့လည်း သူကပြောပါတယ်။

‘’ လူတွေရဲ့ အပြောတွေကို ဂရုမစိုက်နေပါနဲ့လို့။ ဒါတွေကို လိုက်ခံစားနေမယ်ဆိုရင် ပြီးမှာ မဟုတ်တော့ဘူး။ လူတွေက ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ပဲ။ အချိန်တန်ရင် သူတို့ ပါးစပ်ပေါက် ပိတ်သွားလိမ့်မယ်။ သူတို့လည်း သူတို့ထမင်းသူတို့စားနေတာ။ ကိုယ်လည်း ကိုယ့်ထမင်းကိုယ်စားပြီး ရှင်သန်နေတာ။ လိုက်ဂရုစိုက်နေလို့ရှိရင် အပြောခံရတဲ့ လူတိုင်း သေသွားမှာပေါ့နော်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် LGBT တွေမှာလည်း ကိုယ်ပိုင် အခွင့်အရေးရှိတယ် ဆိုတာကို ပြောပြလာပါတယ်။

‘’ ထောက်ခံတာလည်း မရှိဘူး၊ မထောက်ခံတာလည်း မရှိဘူး။ ဒါပေမယ့် လူ့အခွင့်အရေးဆိုတာ ရှိပါတယ်။ ဒီအခွင့်အရေးကိုတော့ ထိပါးခွင့်မရှိဘူးပေါ့နော်။ သူဟာ ဘယ်လို လူမျိုးဖြစ်နေပါစေ။ သူ့ဘဝနဲ့ သူပဲလေ။ အဓိက ကတော့ ထိပါးလာတာ မကောင်းဘူးပေါ့’’ လို့ ဆက်လက်ပြောပြလာပါတယ်။

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က