သူငယ်ချင်းတွေထဲမှာလည်း LGBT တွေရှိတယ်။

မိုးစက်ဝိုင်ကတော့ သူမကိုယ်တိုင်က LGBT နဲ့ပတ်သက်လာရင် Supporting ပေးတယ်လို့ဆိုပါတယ်။ အခုဆိုရင်လည်း မြန်မာလူမျိုးအများစုဟာ LGBT အသိုင်းအဝိုင်းကို အားပေးလာပါပြီလို့လည်း သူကပြောပါတယ်။

မိုးစက်ဝိုင်ကတော့ Miss Universe 2019 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဆွေဇင်ထက်က LGBT တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့တဲ့အပေါ် သူမရဲ့ အမြင်ကို ပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း LGBT ကို အားပေးထောက်ခံသူတစ်ယောက်ပါလို့ Duwun media ကနေ ဖြေဆိုခဲ့ပါတယ်။



“မိုးစက်က US ကနေ ကျောင်းပြီးလာတာဖြစ်တဲ့အတွက် LGBT နဲ့ ပတ်သက်ပြီး ဟိုဘက်နိုင်ငံတွေမှာက အရမ်းနားလည်ပေးထားတယ်။ မိုးစက် သူငယ်ချင်းတွေထဲမှာလည်း လိင်တူချစ်သူတွေရှိတယ်။ သူတို့ဆိုလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်း Respect ရှိတယ်။ ကိုယ့်အနေနဲ့တောင်မှ တကယ်ကို လေးစားအားကျရတဲ့သူတွေထဲမှာ ပါတယ်ပေါ့နော်။ ဒါကြောင့် အဲဒီအရာနဲ့ပတ်သက်ပြီးတော့ Supporting ပေးပါတယ်” လို့ ဆိုပါတယ်။

ပြည်ပနိုင်ငံတွေမှာ LGBT လူတန်းစားတစ်ရပ်ကို အားပေးလက်ခံကြတာတွေရှိပေမယ့် မြန်မာနိုင်ငံမှာတော့ လက်ခံတဲ့သူ အများစု မရှိသေးတဲ့အကြောင်း မိုးစက်ဝိုင်က ပြောပြခဲ့ပါတယ်။

“ ဒီကိစ္စက US လို ပွင့်လင်းတဲ့နိုင်ငံမှာတောင်မှ ဘယ်အရာမဆို Black & White ဆိုပြီးတော့ ကွဲနေတာမျိုးရှိသေးတာပဲလေ ၁၀၀ ရာခိုင်နှုန်းကြီးတူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် အမြဲတမ်းလည်း ကွဲပြားနေဦးမှာပါပဲ။ မြန်မာပြည်မှာတော့ ဟိုးအရင်ကတည်းကလည်း သိကြတယ်။ တစ်ခါတလေမှာ ဒါကို လက်မခံလို့ မုန်းကြတာတွေလည်းရှိတယ်။ ဒါပေမယ့် တဖြည်းဖြည်းတော့ အတွေးအခေါ်တွေပြောင်းလာပြီလို့ မိုးစက်ထင်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်က Summary ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီနောက် Ve Ve အချိုရည်ကြော်ငြာကနေ ပရိသတ် စိတ်ဝင်စားမှုကို ရရှိလာသူပါ။ ‘’ပက်ပက်စက်စက်ညှို့’’ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာသူပါ။ သူမဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Myanmar Heart's Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က