" တို့မမနဲ့တို့" ဇာတ်ကားအကြောင်းပြောပြလာပါတယ်။

ဟိန်းမင်းသူကတော့ “တို့မမနဲ့ တို့” ဇာတ်လမ်းတွဲထဲမှာ မိန်းမရှိပေမယ့် ယောင်္ကျားအချင်းချင်းစိတ်ဝင်စားရတဲ့ ဇာတ်ကောင်နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Hein Min Thu



သရုပ်ဆောင် ဟိန်းမင်းသူကတော့ “တို့ မမနဲ့ တို့” ရုပ်သံဇာတ်လမ်းတွဲထဲမှာ လိင်တူချင်းစိတ်ဝင်စားတဲ့ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒီကာရိုက်တာဟာ သူ့အတွက် တစ်ခါမှ ရိုက်ဖူးတဲ့ ကာရိုက်တာမဟုတ်သလို အတွေ့အကြုံအသစ်တွေလည်း ရတယ်လို့ Duwun ကနေပြောပြလာပါတယ်။ 

“ ဒီကာရိုက်တာကို လက်ခံဖြစ်သွားတာကလည်း ကျွန်တော်က LGBT တွေကို Support လုပ်ပေးချင်တဲ့အတွက် လက်ခံရိုက်ကူးခဲ့တာပါ။ ဒီကားနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို Gay ကြီး ဘာညာ တိုက်ခိုက်ကြတယ်။ ပြီးတော့ တကယ့်ဖြစ်တည်နေတဲ့ LGBT တွေ အပေါ်မှာလည်း မဆိုင်တဲ့ ရှုထောင့်တွေကနေ ဝေဖန်ကြတာ တွေ့ရတော့ ကျွန်တော်ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရတယ်။ ကိုယ်ကလည်း ဒီဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ အချိန်တုန်းကတော့ သိပ်မသိသာပေမယ့် On Air တက်တဲ့ အချိန်မှာ မိုးသူရ နဲ့ အခန်းတွေ ပြန်ကြည့်ပြီး အသည်းတွေယားတာလေးတွေတော့ ရှိတယ်” လို့ သူကဆိုပါတယ်။ 

Photo: Forever Group

ဟိန်းမင်းသူဟာ ဇာတ်ကားထဲက ဇာတ်ကောင်အတိုင်း သူသာ အမှန်တကယ် Gay ဖြစ်ခဲ့ရင် ဆိုတဲ့ ခံယူချက်ကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ ကျွန်တော်သာ Uke တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် တိုက်ခိုက်နေတဲ့လူတွေကြောင့် ပြိုလဲသွားမယ့်အစား သူတို့ပေးတဲ့ ဒဏ်ရာတွေကို အားအင်အဖြစ်အသုံးချပြီးသင့်တယ်။ ဘဝမှာ ကိုယ်က ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။ ကိုယ့်ဘဝရဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေ၊ ဘာဖြစ်ချင်တာလဲတွေကို တွေးပြီးတော့ လျှောက်ဖြစ်မယ်လို့ ထင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Hein Min Thu

"တို့မမနဲ့ တို့" ရုပ်သံဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသလျှက်ရှိပါတယ်။ ဒီဇာတ်ကားထဲမှာ ဟိန်းမင်းသူ၊ မိုးသူရ၊ မြတ်သူသူ နဲ့ ရှင်မင်းဆက် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ တွေ့ရပါတယ်။ ဟိန်းမင်းသူကိုတော့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ Silent ဆိုတဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားတာဖြစ်ပါတယ်။ အဲဒီနောက် သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်သီဆိုထားတဲ့ သီချင်းအသစ်တွေကိုလည်း လူမှုကွန်ယက် စာမျက်နှာပေါ် မှာမိတ်ဆက်ပေးလေ့ရှိပါတယ်။ ဟိန်းမင်းသူဟာ အနုပညာနဲ့ ပတ်သက်လာရင် ဂီတကိုသာမက သရုပ်ဆောင်အလုပ်ကိုပါ ဝါသနာကြီးတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က