အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။

ခင်လှိုင်ကတော့ ပန်တျာကျောင်းသားဘဝမှာ ဇာတ်ပွဲကခဲ့ရတဲ့ အမှတ်တရတွေကို ရယ်ရယ်မောမောနဲ့ ပြောပြလာခဲ့ပါတယ်။ 

Photo: Khin Hlaing



ခင်လှိုင်ကတော့ ဟာသလူရွှင်တော် စိန်သီးနဲ့ ပန်တျာကျောင်းတက်တုန်းက အတူတူတက်ခဲ့ကြတယ်လို့ သိရပါတယ်။ ပထမဆုံးအကြိမ် လှေပေါ်မှာဇာတ်ပွဲလုပ်ခဲ့တဲ့အမှတ်တရကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်တို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းကို ဇာတ်သွားကတုန်းက ကျွန်တော်တို့ကို လာကြိုတဲ့ ဟာက စပါး ၅၀၀ လောက်ဆန့်တဲ့ လှေကြီးနဲ့ လာကြိုတာ။ အဲဒီလှေကြီးပေါ်မှာ လူကလည်း ၇ ယောက်လောက်၊ ပစ္စည်းလေးတွေကလည်း ပုံတိုပက်စလေးတွေနဲ့ သူတို့ကလည်း ကိုယ်တွေကို ပန်တျာ ကျောင်းသား တွေဆိုပြီးတော့ အထင်ကြီးထားတာလေ။ နောက်ကျတော့ ကီးဘုတ်သမားတဲ့ နောက်ထပ်ဂီတသမားတွေလာတော့ ပျော်သွားတာပေါ့။ မနက်လည်းရောက်ရော ရှင်းစရာပိုက်ဆံကမရှိ၊ ဒီတော့ ရှိတာလေး ပေါင်နှံရောင်းချပြီး ပေးလိုက်ရရော။ ကိုယ်တွေမှာ အခက်အခဲပေါင်းများစွာနဲ့ ကခဲ့ရတဲ့ အမှတ်တရပါပဲ။” လို့ ဆိုပါတယ်။ 

Photo: Khin Hlaing

ခင်လှိုင်ဟာ အနုပညာအလုပ်ကို အရမ်းဝါသနာပါတဲ့ အလုပ်ဖြစ်လို့လည်း အောက်ခြေကနေစပြီး ကြိုးစားခဲ့တာဖြစ်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာ အဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။

Photo: Khin Hlaing

ပန်တျာကျောင်းအတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကလည်း အခုဆိုရင် အဝေးမှာ ရှိနေကြတယ်လို့ ခင်လှိုင်က ပြောပါတယ်။ တစ်ခါတရံမှာလည်း ငယ်သူငယ်ချင်းတွေ ဆုံဖြစ်ကြတယ်လို့လည်း မတ်လ ၁၆ ရက်နေ့က Player အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

“ ကျောင်းတက်တုန်းကဆိုရင် ဆရာတွေ အစည်းအဝေးသွားတဲ့အချိန်မှာ ကိုယ်တွေက အခန်းထဲမှာ သောင်းကျန်းကြတယ်။ ကိုယ်တွေခေတ်တုန်းက ပန်တျာကျောင်းသားတွေက နည်းတယ်။ လူအနည်းစုလေးဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုအရင်းတွေလိုပဲ ချစ်ကြတယ်။ အခုချိန်ထိလည်း ပြန်ဆုံကြပြီဆိုရင် ကလေးတုန်းကလိုပဲ ချစ်ချစ်ခင်ခင်ရှိနေကြတုန်းပဲ။ စိတ်ဆိုးတာ စိတ်ကောက်တာလည်း မရှိဘူး” လို့လည်း သူက ပြောပါတယ်။ 

Photo: Sein Thee

ခင်လှိုင်ရဲ့ အနုပညာအမွေကိုတော့ သားဖြစ်သူ နေရဲ နဲ့ သမီးငယ်လေး သဇင်ထူးမြင့် က ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း နေရဲ နဲ့ သရုပ်ဆောင် သဇင်ထူးမြင့်တို့ဟာ အနုပညာအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေရပြီဖြစ်ပါတယ်။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က