သူတို့နှစ်ယောက်ရဲ့ ဘဝထဲကို ဝင်လာမယ့် မိန်းကလေးကရော ... ဘယ်လောက်ထိ စိတ်ဝင်စားဖို့ကောင်းမလဲ။

နှင်းဆီရဲတိုက် ရုပ်ရှင်ဇာတ်ကားဟာ အချစ် အက်ရှင် ဆန်ဆန် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့အကြောင်းကို ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေက ပြောပြလာပါတယ်။ 

Photo: Nadawaddy



အောင်ရဲလင်းရဲ့ ကိုတော့ “နှင်းဆီရဲတိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတမှူးဆိုတဲ့ ကောင်လေးတစ်ယောက် မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ "နှင်းဆီရဲတိုက်" ဇာတ်ကား နမူနာကို စတင်မိတ်ဆက်လိုက်ကတည်းက အောင်ရဲလင်းနဲ့ ရွှေမှုံရတီတို့ရဲ့ ဇာတ်ဝင်ခန်းတွေ အပေါ် ပရိသတ်တွေက ပိုပြီးစိတ်ဝင်စားနေခဲ့တာပါ။ ဒါကတော့ အောင်ရဲလင်းက ရွှေမှုံရတီကို နမ်းတဲ့ ဇာတ်ဝင်ခန်းတွေဟာ တကယ်နမ်းခဲ့တာလားဆိုပြီးတော့ စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာ အပေါ်မှာလည်း အောင်ရဲလင်းက အခုလို ပြောပြခဲ့ပါတယ်။ 

“ ကောင်းပြည့်က ကျွန်တော့်ကို ရွှေမှုံရတီရဲ့ ဘော်ဒီကတ်လုပ်ဖို့ ငှားတာပေါ့။ လှည့်ကွက်တွေလည်း အရမ်းများတယ်။ ကျွန်တော်ဆို ဒီဇာတ်ကားကို ပြန်ကြည့်တဲ့အချိန်မှာ ကလောတောင်ပြန်သွားချင်တဲ့စိတ်ပေါက်တယ်။ ကျွန်တော်ကြားဖူးတာကတော့ ဦးရန်လေးတို့ ခေတ်မတိုင်ခင်ကတည်းက တကယ်နမ်းတဲ့ ဇာတ်ဝင်ခန်းတွေ ရှိခဲ့ဖူးတယ်လို့ သိရတယ်။ အခုခေတ်နဲ့ဆိုရင်တော့ ပိုပီပြင်လာသလားလို့ပြောရရင် တကယ်ဖြစ်သင့်ပါတယ်။ ရိုင်းပြတဲ့သရုပ်ဆောင်မှုတွေ မဟုတ်ဘူး။ တကယ်လို့ အရမ်းရိုင်းပြတဲ့ သရုပ်ဆောင်မှုတွေ ဖြစ်လာရမယ်ဆိုရင်လည်း ရှောင်သင့်တာကို ရှောင်ရမှာပေါ့။ နမ်းတဲ့ အခန်းတွေကတော့ ရိုင်းပြတယ်လို့ မခံစားရပါဘူး။ ပရိသတ်တစ်ယောက်လို ကြည့်ရင်လည်း ပြသင့်တယ်လို့ထင်ပါတယ်။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးရာလည်း ရောက်ပါတယ်” ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo:Aung Ye Lin

နှင်းဆီရဲတိုက် ရုပ်ရှင်ဇာတ်ကားဟာ အချစ်နဲ့ အက်ရှင် ပေါင်းစပ်ထားတဲ့ ဇာတ်ကားအမျိုးအစား ဖြစ်ပြီး ဇာတ်ကားရဲ့ အစအဆုံးကို ခန့်မှန်းလို့ မရလောက်တဲ့အထိ ဆွဲဆောင်မှုအားကောင်းတဲ့ ဇာတ်ကားဖြစ်တယ်လို့လည်း အောင်ရဲလင်းက အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“နှင်းဆီရဲတိုက်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ကောင်းပြည့်က ရွှေမှုံရတီရဲ့ အချစ်ကိုမရခဲ့ပေမယ့် လက်ထပ်ခွင့်ရလိုက်တဲ့ ခင်ပွန်းတစ်ယောက် ဖြစ်ခဲ့ရတာပါ။ ဒီဇာတ်ကားမှာ အောင်ရဲလင်းနဲ့ အပြိုင် သရုပ်ဆောင်ရတာဖြစ်လို့ အတွေ့အကြုံကောင်းတွေ အများကြီးရခဲ့တယ်လို့လည်း ကောင်းပြည့်က ပြောပါတယ်။ 

"ဒီဇာတ်ကားလေးကတကယ်လည်းကောင်းတဲ့ ဇာတ်ကားပါ။ သမရိုးကျကြည့်ဖူးနေကြ ဇာတ်ကားမျိုးတွေ နဲ့ကွဲထွက်တယ်။ ဇာတ်လမ်းပုံစံတွေ ဆင်တာမျိုးရှိနိုင်ပေမယ့် ဒီဇာတ်ကားက ခန့်မှန်းရ ခက်တဲ့ ဇာတ်ကားမျိုးပါ။ ပြီးတော့ ဒီကားမှာ ကိုအောင်ရဲလင်းနဲ့ ပထမဆုံး ဆုံဖြစ်တဲ့ ဇာတ်ကားပေါ့။ အစ်ကို နဲ့လည်း အပေးအယူမျှအောင်ကြိုးစားခဲ့တယ်။ သူကလည်း စီနီယာကောင်းတစ်ယောက်ပါ"ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ က “နှင်းဆီရဲတိုက်” ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Kaung Pyae

နှင်းဆီရဲတိုက်ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ် ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ နေပိုင်က ရိုက်ကူးတာဖြစ်ပြီး Lucky 7 ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ နှင်းဆီရဲတိုက်ရုပ်ရှင်ကားကြီးထဲမှာ သရုပ်ဆောင် အောင်ရဲလင်း၊ ကောင်းပြည့် နဲ့ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က