၅သောင်းဆု (၁၅) ဆုပေါက်တယ်လို့ ဆိုပါတယ်။
Sabal Thwin

ယုန်လေးကတော့ ထီလက်မှတ် အစောင်(၅၀၀) လှူခဲ့တဲ့ အထဲက ထီဆုတွေ ပေါက်ကြတဲ့အပေါ် သူ့ရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။ 

အဆိုတော် ယုန်လေးကတော့ သူကိုယ်တိုင် လိုက်လှူခဲ့တဲ့ ထီလက်မှတ်လေးတွေကနေတဆင့် ထီဆုတွေ ပေါက်ခဲ့ကြသူတွေအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ထီလက်မှတ်တွေကိုတော့ သြဂုတ်လ(၂၉) ရက်နေ့က လမ်းဘေးဈေးရောင်းနေသူတွေ၊ စားဝတ်နေရေး အဆင်မပြေကြသူတွေအတွက် လှူဒါန်းခဲ့တာလို့ သိရပါတယ်။ 

" ဆုကြီး မပါပေမယ့် ပီတိဖြစ်ပါတယ်။ အစောကြီးထဲကလည်း ဆုကြီးတွေ မမှန်းထားပါဘူး။လိုက်လှူတဲ့အထဲက အခု ၅ သောင်းဆု (၁၅)ဆုကျော်ပါနေပါပြီ ။ ၁သိန်းဆု တစ်ဆု ပါနေပါပြီ။  ၃ စောင်တွဲလုံးမှာ ၃ စောင်လုံးပေါက်တာ ၃ ယောက်ရှိပြီ။ နောက် အစောင် ၇၀၀ ကျော်ကျန်သေးလို့ ထပ်တိုက်နေပါတယ်။ ပေါက်တဲ့ နံပါတ်တွေ အားလုံးတိုက်ပြီးရင် တင်ပေးပါမယ်။ ဘာပဲဖြစ်ဖြစ် ထီ လက်မှတ်လိုက် ဝေထားတာ တကယ်လိုအပ်တဲ့ သူတွေကြီးပဲ ဖြစ်လို့ ၅သောင်း ၊ ၁သိန်းလည်း သူတို့ပျော်ကြမှာပါ။ ထပ်ပြီး တော့ ၅သိန်း ၁၀ သိန်း လောက်လေး တစ်ယောယောက် ထပ်ပါရင်ပိုကောင်းမယ်ဗျာ။ ကျန်တဲ့ အစောင် ၇၀၀ ကျော်ကို ရင်ခုန်စွာစောင့်ဆိုင်း။ အားလုံး Peace" ဆိုပြီးတော့ စက်တင်ဘာလ (၁)ရက်နေ့ နေ့လယ် (၁) နာရီကျော်က ယုန်လေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: Yone Lay

ယုန်လေးကတော့ သူလှူခဲ့တဲ့ ထီလက်မှတ်တွေမှာ ထီဆုတွေပေါက်ဖို့အတွက် သြဂုတ်လ(၂၆) ရက်နေ့က စွယ်တော်စေတီက ညောင်ပင်ကြီးမှာ အဓိဌာန်ဝင်ခဲ့တာကို တွေ့ရပါတယ်။ သူဟာ ရိုက်ကူးရေးလုပ်ဖို့ (၁) နှစ်ပိတ်ပင်ခံထားရပေမယ့် ပရဟိတအလုပ်တွေကို ပြန်လည် လုပ်ကိုင်နိုင်ဖို့ လုပ်ခွင့်ရသလောက် အနုပညာအလုပ်လေးတွေ ပြန်လုပ်နေတာ တွေ့ရပါတယ်။ သူရရှိတဲ့ အနုပညာကြေးနဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ 

Photo: Yone Lay

ယုန်လေးဟာ Covid ကာလအတွင်းမှာလည်း COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာများ လိုအပ်နေတဲ့ ဆေးရုံ၊ ရပ်ကွက် နဲ့ မြို့နယ်တွေကို သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ယုန်လေးဟာ လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူပါ။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ


Author


က္က