ဇန်နဝါရီလ ၂ရက်နေ့မှာ အမိန့်ချခဲ့တာပါ။

“ကျွန်မ အလိမ်ခံရတာ ၂ နှစ် တရားရင်ဆိုင်ရတာ ၄ နှစ် စုစုပေါင်း ၆ နှစ်ရှိပါပြီ။ ဒီနေ့ တရားရုံးကို မေသန်းနု ရောက်လာပါတယ်။ အမှုနဲ့ ပတ်သက်ပြီး အမိန့်ချတာ ဒီနေ့(ဇန်နဝါရီလ ၂ ရက်နေ့) နေ့လယ် ၂ နာရီပေါ့နော်။ မေသန်းနုကို ပုဒ်မ ၄၂၀ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။ တစ်လကို ၅ သိန်းဆပ်ခိုင်းတာကို လက်ခံပြီးတော့ ကျွန်မယူခဲ့တယ်။ ဒါပေမယ့် ၂ လပဲ ဆပ်တယ်။ ၂၀၁၈ ကနေစပြီးတော့ အခုချိန်ထိ ရုံးလည်း မလာဘူး။ ပိုက်ဆံလည်း မပေးဘူး။ အခုလို အမှန်အတိုင်းဖြစ်ဖို့ အမိန့်ချမှတ်ပေးတဲ့ တရားသူကြီးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ တရားလို ဒေါ်စန်းစန်းမြင့် Duwun Media ကို ပြောပြခဲ့ပါတယ်။

Photo: May Than Nu



သရုပ်ဆောင် မေသန်းနုကိုတော့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ဒီနေ့(ဇန်နဝါရီလ ၂ ရက်) က အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံဖို့ ရန်ကင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ မေသန်းနုကတော့ ဒေါ်စန်းစန်းမြင့်ဆီကနေ ငွေကျပ် သိန်း ၁၂၀၀ ကျော်ချေးခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရားလို ဒေါ်စန်းစန်းမြင့်က ယခုလို ပြောပြခဲ့ပါတယ်။

“ကျွန်မ အလိမ်ခံရတာ ၂ နှစ် တရားရင်ဆိုင်ရတာ ၄ နှစ် စုစုပေါင်း ၆ နှစ်ရှိပါပြီ။ ဒီနေ့ တရားရုံးကို မေသန်းနု ရောက်လာပါတယ်။ အမှုနဲ့ ပတ်သက်ပြီး အမိန့်ချတာ ဒီနေ့(ဇန်နဝါရီလ ၂ ရက်နေ့) နေ့လယ် ၂ နာရီပေါ့နော်။ မေသန်းနုကို ပုဒ်မ ၄၂၀ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။ တစ်လကို ၅ သိန်းဆပ်ခိုင်းတာကို လက်ခံပြီးတော့ ကျွန်မယူခဲ့တယ်။ ဒါပေမယ့် ၂ လပဲ ဆပ်တယ်။ ၂၀၁၈ ကနေစပြီးတော့ အခုချိန်ထိ ရုံးလည်း မလာဘူး။ ပိုက်ဆံလည်း မပေးဘူး။ အခုလို အမှန်အတိုင်းဖြစ်ဖို့ အမိန့်ချမှတ်ပေးတဲ့ တရားသူကြီးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် မေသန်းနုနဲ့ ဒေါ်စန်းစန်းမြင့်တို့ရဲ့ ခင်မင်မှုကတော့ နှစ်ပေါင်း ၃၀ ကျော်ပြီလို့ သိရပါတယ်။ အနုပညာအလုပ်တွေ မလုပ်ခင်ကတည်းက ခင်မင်ရင်းနှီးလာကြတာဖြစ်တဲ့အတွက် အခုလို ဖြစ်လာခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

Photo: May Than Nu

ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် မေသန်းနုကို Duwun Media က ဆက်သွယ်မေးမြန်းခဲ့ရာမှတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ မေသန်းနုရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ခင်ပွန်းဟောင်းဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်ကလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော် ဧ။် သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူဧ။် မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ စင်ရော်မောင်မောင် နှင့် သား မင်းသန့်မောင်မောင်” ဆိုပြီးတော့ ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: May Than Nu

ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မေသန်းနုဟာ ၂၀၁၆ ခုနှစ်ကတည်းက အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိခဲ့ကြသလို သူမကို ချစ်တဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က