သူက ရှိတာလေးနဲ့ရောင့်ရဲနိုင်တယ်

မင်းရာဇာကတော့ ပရိသတ်ကို အရမ်း Ro တဲ့ Surprise လုပ်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးအကြောင်းကို ပြောပြလာပါတယ်။

မင်းရာဇာကတော့ ချစ်ဖို့ကောင်းတဲ့ ဇနီးချော မဖူးငုံပွင့် အကြောင်းတွေ ပြောပြလာပါတယ်။ မိဘတွေ ဖြစ်လာတဲ့ အချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်ထက် သားသမီးတွေအတွက် ပိုပြီးတော့ ဦးစားပေးတတ်လာပြီ ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



‘’ ကျွန်တော့် မိန်းမရဲ့ ကောင်းတဲ့အကျင့်က မပူဆာတတ်ဘူး။ ဘာလိုချင်တယ်၊ ညာလိုချင်တယ် ဆိုတာမျိုးလည်း ပူဆာတာမျိုးမရှိဘူး။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်တာပဲ အရမ်းချစ်ဖို့ကောင်းတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း လှချင်ပချင်စိတ်အားနည်းလာတယ်။ အပြင်သွားရင်တောင်မှ သရုပ်ဆောင်တစ်ယောက်ပဲ ကောင်းကောင်းမွန်မွန်ဝတ်သွားပါ တို့၊ အဝတ်အစားဝယ်တာက အစ မိန်းမကတောင် အတင်းတိုက်တွန်းနေရတယ်။ တစ်ခုခုဝယ်မယ်ဆိုရင်တောင် ကလေးတွေအတွက်ကို ပိုဦးစားပေးဖြစ်လာတယ်။ ဖခင်စိတ်ကလည်း ပိုကြီးမားလာတာလည်းပါ ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Min Yarzar

ခိုင်မာတဲ့ မိသားစု တစ်စု တည်ထောင်ဖို့အတွက် အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ အများကြီး တာဝန်ရှိတယ်လို့ မင်းရာဇာက ဆိုပါတယ်။

‘’အဓိက ကတော့ နားလည်မှုပေါ့နော်။ ရန်မဖြစ်တဲ့လင်မယားဆိုတာတော့ မရှိပါဘူး။ ကျွန်တော်တို့ ညားခါစတုန်းက ကြီးကြီးကျယ်ကျယ်ရန်ဖြစ်ခဲ့တာတွေရှိပါတယ်။ မိသားစုတစ်စုဖြစ်လာပြီဆိုရင်တော့ မိသားစုကို တန်ဖိုးထားတဲ့ လူတစ်ယောက် ဖြစ်ဖို့တော့ လိုအပ်တယ်။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်လိုက်မယ်ဆိုရင် မိသားစု ပြိုကွဲသွားနိုင်တယ်။ ကလေးတွေလည်းရှိတော့ အဖေတကွဲ၊ အမေတကွဲနဲ့ စိတ်ဒဏ်ရာ ရလာမယ်။ ဒီအတွက် ကျွန်တော့် သားသမီးတွေကို မိဆုံဖဆုံ၊ ဒီမိဘတွေနဲ့ပဲ ကြီးပြင်းစေချင်တယ်’’ လို့ ဆိုပါတယ်။

Photo: Min Yar Zar

မင်းရာဇာကတော့ နောက်ထပ်ရင်သွေးလေး ထပ်ယူဦးမယ်လို့ ဆိုပါတယ်။ သူများတွေ Surprise လုပ်တာထက် ပိုထူးခြားစေရမယ်ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

‘’ ကျွန်တော်တို့မှာ Surprise လုပ်စရာဆိုလို့ နောက်ထပ်ကလေးတစ်ယောက်ထပ်ယူဖို့ရှိပါတယ်။ သူတို့ထပ် အရမ်းကြမ်းသွားပြီ Ro တာ။ ကျွန်တော့် မိန်းမက Ro ရင် အဲ့ဒီလို Ro မှာပါ။ တစ်ယောက်ဖြစ်ရင်ဖြစ် မဖြစ်ရင် အမြွှာဖြစ်မှာပါ။ ကျွန်တော်က မိသားစုကို လိုချင်တဲ့သူဆိုတော့ နောက်ထပ်ကလေးတစ်ယောက်ထပ်ယူဖို့ ကျွန်တော့်မိန်းမနဲ့ တိုင်ပင်ရမယ်။ ပြီးတော့ ကျွန်တော်တို့ စီးပွားရေးအခြေအနေကိုလည်း ပြန်သုံးသပ်ရမှာပေါ့’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့က ဟော့ပေါ့ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: min Yar Zar

အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က