LGBT ဆန်ဆန်လေး ရိုက်ခဲ့ပါတယ်တဲ့။

ဝိုင်းစုခိုင်သိန်းဟာ “ Sun Shine” MTV လေးကို လိမ္မောသီးနဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ အကြောင်းကို ပြောပြလာပါတယ်။ 

Photo: Tay Than Thar



ဝိုင်းစုခိုင်သိန်းကတော့ နောက်ဆုံးထွက်ရှိထားတဲ့ “နွားကျောင်းသူ” တစ်ကိုယ်တော် အခွေထဲက “ Sun Shine” သီချင်း MTV လေးဟာ ပရိသတ်ကြားမှာ ရေပန်းစားလို့နေပါတယ်။ ဒီ MTV လေးကိုတော့ LGBT ဆန်ဆန်လေးဖြစ်အောင် လိမ္မော်သီးနဲ့ တွဲဖက်ရိုက်ကူးခဲ့တယ်လို့ Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ ဒီသီချင်းကို ဒါရိုက်တာ သော်ဇင်ထက်ရယ်၊ အစ်မရယ်၊ ကိုအောင်လရယ် သုံးယောက် ဝိုင်းပြီးတော့ တိုင်ပင်ကြတယ်။ အခုခေတ်ကလည်း LGBT ခေတ်ဖြစ်နေတာ ဆိုတော့ ခေတ်နဲ့လည်း လိုက်သွားအောင်၊ သီချင်းလေးကိုလည်း ဆန်းဆန်းလေး ဖြစ်သွားအောင်လို့ရိုက်လိုက်တာ။ အမှန်တကယ်တော့ အဲဒီလို တစ်ခါမှလည်း မရိုက်ဖူးဘူး။ အဲဒီလို ရိုက်ရမှာကို ရှက်နေတာ။ ဖြစ်ပါ့မလားပေါ့ ကျိန်းသေတာတော့ အစ်မက ယောင်္ကျားလေး ဘက်မနေတတ်ဘူး။ တကယ်လို့ ရွေးမယ်ဆိုရင်တော့ လိမ္မော်သီးကို ဆိုရင်ပိုအဆင်ပြေတယ်ပေါ့။ သူ့အရပ်အမောင်းနဲ့ဆိုရင် ပိုလိုက်မယ်ထင်လို့ ရွေးခဲ့တယ်”လို့ ဆိုပါတယ်။ 

Photo: Tay Than Thar

Sun Shine သီချင်းလေးဟာ မိန်းကလေး နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ သံယောဇဉ်တွေကို ဖော်ကျူးထားတဲ့ MTV လေးဖြစ်ပါတယ်။ ဒီ MTV ထဲမှာ ဝိုင်းစု နဲ့ လိမ္မော်သီးတို့ နမ်းကြတဲ့ ဇာတ်ဝင်ခန်းလေးပါဝင် ထည့်သွင်းဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ဝိုင်းစုခိုင်သိန်းက ပြောပြလာပါတယ်။ 

“ အမှန်တကယ်တော့ ဇာတ်ညွှန်းထဲမှာ မပါဘူး။အဲဒီလိုဖြစ်အောင် မြှောက်ပေးတာက ကျော်ကျော်ပိုင်မှူး။ သူက နင်တို့ နှစ်ယောက် ပီပြင်အောင် ဒီလိုလုပ်လိုက်ကြပါလားပေါ့။ ပြီးရင် တကယ်မကြိုက်သွားနဲ့ဦးနော်ပေါ့။ အရင်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ပါးလေးနမ်းတာလောက်ပဲ။ ဒါပေမယ့် ဒါရိုက်တာကလည်း ကျော်ကျော်ပိုင်မှူးပြောသလို ဖြစ်စေချင်တော့ ရိုက်လိုက်ကြရော။ ဒီအခန်းရိုက်တော့ ကိုအောင်လ မသိလိုက်ဘူး” သူက ဆိုပါတယ်။ 

Photo: Tay Than Thar

ဝိုင်းစုခိုင်သိန်းဟာ သူမရဲ့ MTV တွေကို LGBT ဆန်ဆန် ရိုက်တာ ပထမဆုံး အကြိမ်ဖြစ်တာကြောင့် စိတ်လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ပရိသတ်တွေဆီက ကောင်းတဲ့ Feedback တွေ ပြန်ရတာကြောင့် ဝမ်းသာမိတယ်လို့ သူက ပြောပါတယ်။ 

“ လိမ္မော်သီးကတောင် မျက်လုံး အကြည့်တွေ သေချာ ကြည့်တတ်သေးတယ်။ အစ်မက မကြည့်တတ်ဘူး။ ချစ်သူတွေကလည်း မြှောက်ပေးကြလို့သာ ဒီအဆင့်အထိ ဖြစ်သွားတာ။ အစ်မတို့ နှစ်ယောက်ကို လိုက်ဖက်တယ် ဆိုပြီးတော့ အားပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ ဘာများ Feedback ပြန်လာမလဲလို့ပေါ့။ တော်တော်များများက ကြိုက်ကြတဲ့ အတွက်လည်း ဝမ်းသာပါတယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။  

Photo: Khun

ဝိုင်းစုခိုင်သိန်းကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂီတဘက်ကို ကူးပြောင်းလာရင်း မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ နဲ့ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က