မြန်မာပြည်က ရိုက်ပုံရိုက်နည်းတွေနဲ့ ကွာခြားပုံတွေကို ပြောပြလာပါတယ်။

Line Walker 2 ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စိုင်းစည်တွမ်ခမ်းက ပြည်ပဒါရိုက်တာတွေနဲ့ အတူတူ ရိုက်ကူးရတဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။ အနုပညာကြေးထက် အတွေ့အကြုံပိုလိုချင်မိတယ်တဲ့။

Photo: Sai Si Tom Kham



မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးတဲ့ ကမ္ဘာကျော်ဟောင်ကောင် ရုပ်ရှင်ကားဖြစ်တဲ့ Line Walker 2 ရုပ်ရှင်ကားမှာ စိုင်းစည်တွမ်ခမ်း တစ်ယောက် ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပုံကို ပြောပြလာပါတယ်။ အနုပညာကြေးထက် အတွေ့အကြုံရချင်လို့ပါတဲ့။

‘’ ဒီဇာတ်ကားမှာ ရဲ လုပ်ဖို့ သူတို့ရွေးတာပေါ့နော်။ ဒီကာရိုက်တာကို ရိုက်ဖို့ အဆင်ပြေလား ဆိုတော့ ကျွန်တော်လည်း အတွေ့အကြုံရချင်တာနဲ့ ရိုက်ဖြစ်သွားတယ်။ ကျွန်တော်က မြန်မာပြည်ဘက်က အထူးရဲတပ်ဖွဲ့ ထဲက တစ်ယောက်အနေနဲ့ ပါတယ်။ အနုပညာကြေး ဆိုတာထက် အဆက်အသွယ် ရချင်တယ်၊ အတွေ့အကြုံ ရချင်တယ်၊ အမှတ်တရလည်း ဖြစ်ချင်တာနဲ့ ပါဝင်ဖြစ်တာပါ’’ လို့ Line Walker 2 ရုပ်ရှင်ရိုက်ကွင်းပေါ်က အမှတ်တရ တွေ ပြောပြလာပါတယ်။

Photo: Sai Si Tom Kham

ရဲ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ စိုင်းစည်တွမ်ခမ်းက အတွေ့အကြုံတွေလည်း အများကြီးရခဲ့တယ်လို့ ဆိုပါတယ်။ ရိုက်ပုံ ရိုက်နည်းတွေကိုလည်း သေချာ လေ့လာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

‘’ အတွေ့အကြုံကတော့ သူတို့က Professional အရမ်းကျတယ်။ ရိုက်ပြီဆိုရင် Rehearsal တွေ လုပ်တယ်။ ဝတ်စုံက အစ အရံဖြစ်ဖြစ် သူတို့က အစအဆုံး အပြည့်ဆင်ပေးတယ်။ ပြီးတော့ အက်ရှင်ဒါရိုက်တာဆိုပြီး ရှိသေးတယ် ဘေးကနေ သွားတာ၊ ပြေးတာ၊ လမ်းလျှောက်တာက အစ တူအောင် လိုက်ညှိပေးတယ်’’ လို့ ဆိုပါတယ်။

Photo: Sai Si Tom Kham

စိုင်းစည်တွမ်ခမ်းဟာ ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ Line Walker 2 ဇာတ်ကားက ပြည်ပ အနုပညာရှင်တွေရဲ့ ရိုက်ပုံရိုက်နည်းနဲ့ ကွာခြားပုံလေးတွေကိုလည်း အခုလို ပြောပြထားပါတယ်။

‘’ဇာတ်ဝင်ခန်းတွေမှာ ရိုက်တဲ့ဟာက ဘတ်ဂျက်နဲ့ ဆိုင်တော့ အတိအကျဖြစ်အောင် ရိုက်တယ်။ ငွေကုန်ခံပြီးရိုက်တယ်။ ဇာတ်ဝင်ခန်း တစ်ခန်းရိုက်ပြီဆိုရင် အကြာကြီးပဲ။ ကားပေါ်ကနေဆင်းပြီး သေနတ်နဲ့ ပစ်တဲ့ ဇာတ်ဝင်ခန်းကိုဆို ၃ နာရီ၊ ၄ နာရီလောက်ရိုက်တယ်။ ပုံမှန်ဆို မြန်မာပြည်မှာဆို အဲဒီလောက်အထိ အချိန်မကုန်ဘူးပေါ့နော် ။ ဒီလိုလေးတွေတော့ ကွာပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Sai Si Tom Kham

စိုင်းစည်တွမ်ခမ်း(Sai Si Tom Khan) ကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ ခန့်ညားသပ်ရပ်တဲ့ ရုပ်ရှည် အရပ်အမောင်းကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့ ပိုမိုအားပေးခြင်းကို ခံထားရသူတစ်ဦးပါ။ အခုဆိုရင်တော့ သူဟာ စီးပွားရေးဘက်ကို ပိုပြီး အချိန်ပေးနေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က