သူမရဲ့ကာရိုက်တာကတော့ ရဲမေ တစ်ဦးဖြစ်ပါတယ်။

ပန်းရောင်ခြယ်ကတော့ ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ "လိပ်ပြာ" ဆိုတဲ့ ရဲမေ တစ်ယောက်ရဲ့ ကာရိုက်တာအပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Phone



“လိပ်ပြာ” ဇာတ်လမ်းတွဲရဲ့ အထိက ဇာတ်ဆောင်ဖြစ်တဲ့ လိပ်ပြာမလေး ပန်းရောင်ခြယ်ကတော့ လိပ်ပြာဇာတ်လမ်းတွဲ အပိုင်း (၂) မှာ ရဲမေ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်လာဦးမယ်လို့ သူက ပြောပါတယ်။ 

“ လိပ်ပြာ ဇာတ်လမ်းတွဲ Season 1 တုန်းကလိုပဲ Season 2 မှာလည်း အမှု တစ်ခုနဲ့ တစ်ခု မတူဘူး။ ဒါပေမယ့် အပိုင်းတစ်ပိုင်းကို ကြည့်လိုက်တိုင်း ရုပ်ရှင်ဇာတ်ကား တစ်ကားစီကြည့်ရသလို ခံစားရမယ်။ အခုလာမယ့် Season 2 မှာတော့ လိပ်ပြာရဲ့ ဖိုက်တင်တွေ ပါမယ်။ ဇာတ်ကား မရိုက်ခင် နှစ်ပတ်အလိုကတည်းက လေ့ကျင့်ရေးတွေ လုပ်နေတာပါ” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Pan Yaung Chel

လိပ်ပြာဇာတ်လမ်းတွဲ အပိုင်း (၂) ကိုတော့ မတ်လ ၅ ရက်နေ့က စပြီး စတင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို CANAL+ ရုပ်သံလိုင်းမှာ ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင် ထွန်းကိုကို၊ ခါရာ၊ မင်းမြတ်စိုးစံ၊ အောင်ရဲထိုက်၊ မင်းဦး၊ မင်းသူ၊ ချာလီ၊ ပန်းရောင်ခြယ်၊ မြတ်နိုးအေး၊ မေတိုးခိုင်နဲ့ သန်းသန်းစိုး တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လိပ်ပြာ ဇာတ်လမ်းတွဲ အပိုင်း ၁ တုန်းကလည်း ပရိသတ် အားပေးမှုများစွာ ရရှိခဲ့တာ တွေ့ရပါတယ်။ 

Photo: Pan Yaung Chel

လိပ်ပြာ ဇာတ်ကောင်ဟာ ပန်းရောင်ခြယ် အတွက်တော့ ထူးခြားတဲ့ ဇာတ်ရုပ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ လိပ်ပြာရဲ့ စိတ်နေစိတ်ထားကိုလည်း သဘောကျမိတယ်လို့ မတ်လ ၄ ရက်နေ့ကဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ လိပ်ပြာဆိုတဲ့ ကောင်မလေးက ကောက်ချက်ချတဲ့နေရာမှာ အရမ်းထူးချွန်တယ်။ စိတ်ဓာတ်ဖြောင့်မတ်တဲ့ ရဲမေ တစ်ဦး၊ အရမ်းလည်း ထူးချွန်တယ်။ အဖေနဲ့ အမေက ဒုစရိုက်လောက က ဆိုပေမယ့် သူ့စိတ်ထဲမှာ လုပ်ချင်တာရှိပြီဆိုရင် သိပ်မစဉ်းစားဘူး တစ်ဇွတ်ထိုး လုပ်တတ်တဲ့ အကျင့်ရှိတယ်။ ဒီအကျင့်တွေကြောင့် ဒုက္ခရောက်ခဲ့ပေါင်းလည်း များတယ်။ လိပ်ပြာလို အမျိုးသမီးတွေလည်း အပြင်လောကမှာရှိကောင်း ရှိနိုင်မှာပါ” လို့ သူက ပြောပါတယ်။ 

Photo: Pan Yaung Chel

ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး Wake Up Daddy ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။ အဲဒီနောက် အတွဲသီချင်းလေးတွေမှာလည်း ပါဝင်သီဆိုလာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က