ပရိသတ်အချင်းချင်း ဝေဖန်မှုတွေ များခဲ့ပါတယ်။

နန်းခင်ဇေယျာကတော့ Lisa နဲ့ တူတယ်လို့ ဝေဖန်ခံခဲ့တာတင်မကပဲ ပရိသတ်တွေအချင်းချင်းရန်ဖြစ်ခဲ့ကြတဲ့ အပေါ် စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ Lisa နဲ့ တူတဲ့ ဆံပင်အတုကိုလည်း ထပ်မသုံးတော့ဘူးလို့ ပြောပါတယ်။

Photo: Nan Khin Zayar



နန်းခင်ဇေယျာကတော့ သူမကို တောင်ကိုရီးယား အဆိုတော်မိန်းကလေးအဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ထဲက Lisa နဲ့ တူတယ်လို့ ပရိသတ်တွေက ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ပရိသတ်တွေ အချင်းချင်းရန်တွေဖြစ်ခဲ့ကြတာကိုတော့ စိတ်မကောင်းဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အဲဒီတုန်းကလည်း Lisa နဲ့ တူတယ်ဆိုတာက Lisa နဲ့တူတဲ့ ဆံပင်အတုကို တပ်တဲ့အတွက်ကြောင့်မို့လို့ နန်းခင် တူတာဖြစ်လိမ့်မယ်။ နောက်ပိုင်းတော့ အဲဒီဆံပင်အတုကို နန်းခင် လုံးဝ မတပ်တော့ဘူး။ တပ်လိုက်တိုင်း၊ ဓာတ်ပုံရိုက်လိုက်တိုင်း Comment ကနေပြီးတော့ တူတယ်ပြောတဲ့အတွက်ကြောင့် သူတို့ Fan တွေအတွက်လည်း မကောင်းသလို၊ နန်းခင် Fan နဲ့ သူတို့ Fan တွေ ရန်ဖြစ်တာတွေရှိတော့ စိတ်မကောင်းလို့ အဲဒီ ဆံပင်အတုကို လုံးဝ မတပ်တော့ပါဘူး” ဆိုပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့က “ဗိုလ်နေတိုး” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nan Khin Zayar

ဒီဆံပင်တုကိုလည်း ဝတ်မိသွားတဲ့ အချိန်က စပြီး ဝေဖန်မှုတွေ ကြုံခဲ့ရတယ်လို့ နန်းခင်ဇေယျာက ရင်ဖွင့်ပြောပြလာပါတယ်။

“ အဲဒီဆံပင်တုကို ကြိုက်တာထက် ဆံပင်တု တပ်လိုက်တဲ့အချိန်မှာ Lisa နဲ့ တူမှန်းလည်း နန်းခင် တကယ်မသိဘူး။ ပရိသတ်တွေက Lisa နဲ့ တူတယ်ဆိုပြီးတော့ ပြောတာ တစ်လလောက်ရှိတယ်။ နောက်ကျတော့မှ နန်းခင်ကို Troll ထားတာတွေ တွေ့တဲ့အချိန်မှာ Lisa Facebook Page Wall ထဲ ဝင်ကြည့်တယ်။ ဒီ ဆံပင်တု တပ်လိုက်လို့ အပြောခံရတယ်ပေါ့။ ဒါကြောင့်လည်း စိတ်ထဲ မကောင်းပါဘူး” လို့ ဆိုပါတယ်။

Photo: BLACKPINK

သူမက အခုချိန်မှာတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပုံစံလေးတွေ ပြောင်းလာတာ တွေ့ရပါတယ်။ ဒီလို ပြောင်းလဲလာတဲ့ ရည်ရွယ်ချက်ကိုလည်း နန်းခင်ဇေယျာက အခုလို ပြောပြခဲ့ပါသေးတယ်။

“ ဖက်ရှင်နဲ့ပတ်သက်ပြီး ပုံစံ ပြောင်းချင်တဲ့ ခံစားချက်လေးရှိတယ်။ အခုခေတ်မှာလည်း ဖက်ရှင်က ပြောင်းလဲတဲ့ ရေစီးကြောင်းတစ်ခု ဖြစ်လာတယ်။ ဖက်ရှင်အနောက်လိုက်နိုင်မှလည်း ခေတ်ရေစီးကြောင်းပေါ်ကို လိုက်နိုင်မှာပေါ့နော်။ ဒါကြောင့် ဖက်ရှင်အပိုင်းနဲ့ ပတ်သက်ပြီး ပိုလေ့လာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

Photo: Nan Khin Zayar

နန်းခင်ဇေယျာက လက်ရှိမှာ ပရဟိတအလုပ်တွေကို ဦးဆောင်ပြီး လုပ်ကိုင်နေသလို ဇာတ်ကားရိုက်ကူးလို့နေပါတယ်။မင်းသမီးချောလေး နန်းခင်ဇေယျာဟာ အလှမယ် ပြိုင်ပွဲတွေကနေ တဆင့် လူသိများလာပြီး အနုပညာလောကထဲကို ဝင်ရောက်လာသူ တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိသူ တစ်ဦးဖြစ်ပါတယ်။ နန်းခင်က သရုပ်ဆောင်လည်း ဝါသနာပါသလို တစ်ကိုယ်တော်အခွေကိုလည်း ထွက်ရှိပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေက “Non Stop” ဖြစ်ပြီး ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းခွေတစ်ခွေဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က