လိုအပ်တဲ့နေရာတွေအတွက် တတ်နိုင်သလောက်လှူဒါန်းခဲ့ပါတယ်။

စံရတီမိုးမြင့်ကတော့ မွေးနေ့ အလှူကို အဝေးကနေပဲ လုပ်ခဲ့တာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားမလှူရတဲ့အပေါ် သူမရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ 

Photo: San Yati Moe Myint



ဇွန်လ (၃) ရက်နေ့ကတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး စံရတီမိုးမြင့်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ Covid ကာလဖြစ်တာကြောင့် သူမရဲ့ မွေးနေ့အလှူကို အဝေးကနေပဲ လုပ်ခဲ့ရတဲ့ ခံစားချက်ကို Duwun ကနေ ပြောပြလာပါတယ်။ 

" ဒီနေ့ မွေးနေ့ အလှူက သန်လျှင်သဘာဝရိပ်သာကျောင်းမှာ နေ့လည်စာကျွေးတယ်။ လိုအပ်နေတဲ့ အိမ်ထောင်စုလေးတွေကိုလည်း အလှူငွေတွေ လှူဖြစ်တယ်။ ကိုယ်တိုင်သွားမလှူရတော့ ရေစက် မချရဘူးပေါ့နော်။ အမှန်တော့ အလှူလုပ်တယ်ဆိုတာ ကိုယ်တိုင်သွားတာ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဒီအခြေအနေက လူစုလူဝေးဖြစ်မှာစိုးတယ်။ ကိုယ်သွားရင်လည်း မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ပါကြမှာပဲလေ။ ဒီနှစ်တော့ အိမ်ကနေပဲ သူတို့လိုအပ်တဲ့အရာလေးတွေကို သဲ လှူလိုက်ပါတယ်" လို့ ဆိုပါတယ်။ 

Photo: San Yati Moe Myint

စံရတီမိုးမြင့်ဟာ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ မကြာခဏဆိုသလို အစာကျွေးအလှူအတန်းတွေ ပြုလုပ်လေ့ရှိသူပါ။ သူမရဲ့ မွေးနေ့ မတိုင်ခင်က မျောက်လေးတွေ၊ ခွေးလေးတွေကို အစာကျွေးခဲ့သလို သက်ကြီးရွယ်အိုတွေအတွက် အလှူငွေတွေ ပေးအပ်ခဲ့သေးတယ်လို့လည်း သူက ပြောပါတယ်။ 

" မွေးနေ့ မတိုင်ခင်က မျောက်လေးတွေ၊ ခွေးလေးတွေကိုလည်း အစာကျွေးတာ လှူဖြစ်တယ်။ ပြီးတော့ နည်းနည်း အသက်ကြီးတဲ့ အဘိုးအဘွားတွေအတွက် အလှူငွေလေးတွေလည်း ပေးခဲ့ပါသေးတယ်။ ကိုယ်တိုင်မလှူရတဲ့အပေါ်မှာလည်း Covid ကာလမှာ လှူရတာဆိုတော့ ကိုယ်တစ်ယောက်တည်း ဖြစ်တာမှ မဟုတ်တာ အားလုံး အတူတူပဲ ဆိုတော့ မကျေမနပ်ဖြစ်လည်း ဘာမှ လုပ်လို့မရဘူးလေ" လို့ သူကဆိုပါတယ်။ 

Photo: RBV

ဒီနေ့( မေလ ၃ ရက်)မှာ ကျရောက်တဲ့ မွေးနေ့ အမှတ်တရလေးတွေကိုလည်း စံရတီမိုးမြင့်က ပြောပြလာပါတယ်။ ပရိသတ်တွေ ပေးတဲ့ မွေးနေ့ လက်ဆောင်လေးတွေလည်း ရခဲ့တယ်လို့ သူက ဆိုပါတယ်။ 

" မွေးနေ့ လက်ဆောင်တွေကတော့ ဟိုကပေး ဒီကပေးပေါ့။ ကိတ်မုန့်တွေလည်း ပို့ပေးကြပါတယ်။ ပရိသတ်တွေ ပို့ပေးတဲ့လက်ဆောင်လေးတွေလည်းရတယ်။ နယ်က ပရိသတ်တွေကျတော့ သူတို့ပို့ချင်ပေမယ့် ပို့လို့ မရကြတော့ စိတ်မကောင်းဘူး။ အဓိက ကတော့ ချစ်နေရင် အဆင်ပြေပါတယ်။ သဲကို သတိတရနဲ့ မွေးနေ့ ဆုတောင်းပေးကြသူတွေကို တကယ်ကျေးဇူးတင်ပါတယ်။ နယ်က ပရိသတ်လေးတွေလည်း စိတ်မကောင်း မဖြစ်ကြဖို့ ပြောချင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့အတွက် နားလည်ပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: San Yati Moe Myint

စံရတီမိုးမြင့်ဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ အသက် ၂၆ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမက အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က