ကျွန်တော်ကိုယ်တိုင်လည်း သူတို့ကို မိသားစုလို ဆက်ဆံခဲ့ပါတယ်။

ကောင်းပြည့်ကတော့ ကူလီသမားတွေရဲ့အကြောင်းကို တကယ်သရုပ်ဆောင်ရမှသာ မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ကိုယ်ချင်းစာစိတ်လည်းဖြစ်မိတယ်လို့ ပြောခဲ့ပါသေးတယ်။

Photo: Kaung Pyae



ကောင်းပြည့်ကိုတော့ ပရိသတ်တွေ မြင်ဖူးနေကြမဟုတ်တဲ့ ဇာတ်ကောင်စရိုက်နဲ့ “ပျံကျကူလီ” ဆိုတဲ့ ရုပ်ရှင်ကားကြီးထဲမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူက ကူလီ(အထမ်းသမား) တစ်ယောက်ပါ။ ဒီကာရိုက်တာကို သရုပ်ဆောင်ရတဲ့ အချိန်က သူ့ရင်ထဲမှာ စိတ်မကောင်းစရာတွေနဲ့ပြည့်နှက် နေခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“လူတိုင်းကတော့ တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေက တူကြမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီကို ရောက်ပြီးတော့ ဇာတ်ကားရိုက်နေရတဲ့အချိန်မှာ စာနာမိတာကတော့ အမှန်ပဲ။ ကိုယ်တွေတောင် တခဏလေး နေပူထဲမှာ ကုန်ထမ်းရတဲ့ ဇာတ်ဝင်ခန်းလေးကို ရိုက်တာ ဒဏ်မခံနိုင်ဘူး။ သူတို့ဆိုရင် နေပူထဲမှာ တစ်နေကုန် ချွေးတောက်တောက် ကျအောင် လုပ်ရတယ်။ ပင်ပင်ပန်းပန်းလည်းလုပ်ရသလို မနက်ဆိုရင်လည်း အစောကြီးပြန်ထရတယ်။ အစားလည်း ကောင်းတာတွေ မစားရဘူး။ ကိုယ့်မျက်စိရှေ့မှာ မြင်နေ၊ တွေ့နေရတော့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ”လို့ သူကဆိုပါတယ်။

Photo: Kaung Pyae

ကောင်းပြည့်ဟာ ကူလီသမားတစ်ယောက်ရဲ့ ဘဝတွေကို ကူလီသမားကာရိုက်တာနဲ့ သရုပ်ဆောင်မှ တကယ်ကို သိခဲ့ရတယ်လို့ ဆိုပါတယ်။ ဇာတ်ကားရိုက်ကူးခဲ့တဲ့ အချိန်မှာလည်း ပျော်စရာ အမှတ်တရတွေ အများကြီးရှိခဲ့တယ်လို့ သူကပြောပါတယ်။

 “ ဈေးထဲမှာ စရိုက်ပြီဆိုရင် ကူလီထမ်းတဲ့အစ်ကိုတွေ နေထိုင်သလို ပုံစံမျိုးပဲ သူတို့တွေက အောက်မှာ ထမင်းထိုင်စားပြီဆိုရင် ကျွန်တော်တို့လည်း သူတို့လို ထိုင်စားတယ်။ ရှုတင်ပြီးလို့ အိမ်ရောက်မှသာ ခြေလက်ဆေးကြောပေါ့။ ရိုက်ကွင်းပေါ်မှာတော့ လုံးဝ ပေပေတေတေ ပုံစံမျိုးပဲ ကျွန်တော်တို့ နေခဲ့ကြတာ။ ကျွန်တော်တို့တွေကလည်း သူတို့ကို မိသားစုလို ဆက်ဆံတယ်၊ မင်းသားတစ်ယောက်လို မနေပဲ မိသားစုတစ်ယောက်လို နေခဲ့ကြတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြန်ချိန်ဆိုရင် လက်ဆောင်တွေ ထည့်ပေးကြနဲ့ အသီးအနှံတွေ နေ့တိုင်းပဲ ကျွန်တော်တို့ရတယ်”ဆိုပြီးတော့ ဇန်နဝါရီလ ၄ ရက်နေ့က ပျံကျကူလီ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Bling Bling

ကူလီသမားတစ်ယောက်ရဲ့ ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင်ရဖို့ အများကြီး လေ့လာခဲ့ရတယ်လို့ ကောင်းပြည့်က ပြောပါတယ်။ ဒီကာရိုက်တာမျိုးကလည်း သူရိုက်ချင်တဲ့ ကာရိုက်တာတွေထဲက တစ်ခုပဲလို့ ဆိုပါတယ်။

“အများကြီးတော့ ပြင်ဆင်ရတာပေါ့နော်။ ကိုယ့်နေရာဒေသပတ်ဝန်းကျင်မှာရှိတဲ့ ပုံစံမျိုးတွေလည်း လေ့လာရသလို တကယ်ဈေးထဲ ရောက်တဲ့အချိန်မှာလည်း အဲဒီနေရာမှာ ကူလီထမ်းတဲ့ အစ်ကိုတွေနဲ့ တကယ်ကို နေ့တိုင်း စကားလက်ဆုံကျတယ်။ ပြီးတော့ သူတို့ရဲ့ နေပုံထိုင်ပုံ၊ စားသောက်ပုံတွေကို တကယ်မှတ်ယူပြီးတော့ ဇာတ်ကားရိုက်တဲ့အခါမှာ အများကြီး အသုံးချခဲ့ရတာတွေလည်း ပါတယ်”လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Kaung Pyae


ပျံကျကူလီ ရုပ်ရှင်ကားကြီးကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ကောင်းပြည့်နဲ့ အတူ ခန့်စည်သူ၊ ထွန်းကိုကို၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ထူးခြား၊ ရွှေမှုံရတီနဲ့ ရတနာဗို တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကောင်းပြည့်ကိုတော့ ပရိသတ်တွေက TV ကြော်ငြာတွေကနေတဆင့် စတင်သိရှိလာခဲ့ကြတာပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က