ဖြေစရာ အဖြေတောင်မရှိတော့ပါဘူး။

ရုပ်ရှင်ဇာတ်ကားကြီးတွေ ခိုးယူဖြန့်ဝေခြင်းခံနေရတဲ့အပေါ် သရုပ်ဆောင်ခန့်စည်သူက သုံးသပ်ပြောပြခဲ့ပါတယ်။ နှစ်ပေါင်း အတော်ကြာ ခိုးယူ ခံနေရတဲ့ အဖြစ်အပျက်ကြောင့်လည်း အဖြေပေးစရာ စကားတောင်မရှိတော့ဘူးလို့ ဆိုပါတယ်။



Photo: Kyaw Soe Win Fb

 

ရုပ်ရှင်လောကမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဇာတ်ကားတွေ ခိုးယူဖြန့်ဝေနေကြတဲ့အပေါ် သရုပ်ဆောင်ခန့်စည်သူက အခုလိုပြောပြလာပါတယ်။ ဒီလို ခိုးယူခံနေရတာကလည်း ဂီတလောကမှာရှိတဲ့ တေးစီးရီးတွေ ခိုးယူဖြန့်ဝေနေတာက စလို့ ရုပ်ရှင်ဇာတ်ကားကြီး ခိုးယူခံနေရတဲ့ အထိ ဖြစ်လာတဲ့ အပေါ် သူ့ရဲ့သုံးသပ်ချက်တွေကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' ခိုးကူးတယ်ဆိုတာကတော့ ဟိုးအရင်တုန်းကတော့ ဂီတလောက ကစတာပေါ့။ သီချင်းအခွေတွေကို ခိုးကူးတယ် အဲ့ဒီအခါကျတော့ သီချင်း အခွေတွေ မထွက်နိုင်တော့ဘူး။ အရင်းအနှီးတွေလည်းဆုံး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဆိုတော်လေးတွေလည်း ဖြစ်မလာတော့ဘူးပေါ့။ အဲ့ဒီက နေမှတဆင့် ဗီဒီယိုလောက၊ ဗီဒီယိုလောက ကနေပြီးတော့ အခု ရုပ်ရှင်လောကဖြစ်တာပေါ့'' လို့ဆိုပါတယ်။

Photo: Kyaw Soe Win Fb

 

ဂီတလောကမှာရှိတဲ့ တေးစီးရီးတွေခိုးယူခံခဲ့ရတာကြောင့် မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေ သတ်မှတ်ခဲ့ကြသလို မူရင်းအခွေ ကို ပရိသတ်တွေ အားပေးနိုင်ဖို့လည်း အစွမ်းကုန်ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။ ဒီလိုအကြောင်းအရာတွေ အပေါ် ပြောပြစရာ အဖြေတောင် မရှိနိုင်တော့တဲ့အကြောင်း ခန့်စည်သူက ပြောပါတယ်။

'' ဒါက ပြဿဒ်ကြီးကို မီးစလောင်တာမဟုတ်ဘူး အမှိုက်က စပြီးမီးလောင်တာ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရမလဲ ဆိုတာတွေကတော့ နှစ်တွေလည်း ကြာနေပြီဖြစ်တာကြောင့် အဖြေတောင်ပြောပြဖို့ မရှိတောင်မရှိတော့ပါဘူး'' ဆိုပြီးတော့ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်း က  သမ္မတရုပ်ရှင်ရုံမှာပြုလုပ်ခဲ့တဲ့ ပြန်ပေးရုပ်ရှင်ကားအထူးပြသပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးကလေးတွေကိုပညာရေးထောက်ပံ့ငွေပေးလှူခဲ့တဲ့ခန့်စည်သူ 

သရုပ်ဆောင်ခန့်စည်သူဟာ အခုလက်ရှိမှာတော့ မေတ္တာသိင်္ဂဟ ဖောင်ဒေးရှင်းနဲ့အတူ အလှူအတန်းတွေလုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း ဇာတ်ကားရိုက်ကူးမှုတွေ ခဏ နားထားတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

'' လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ခဏနားထားပါတယ်။ ကျွန်တော်တို့ မေတ္တာ သိင်္ဂဟဖောင်ဒေးရှင်းနဲ့ အတူ အလှူတွေ လုပ်ဖို့ စီစဉ် နေတယ်။ မကြာခင်ကလည်း ဆရာတော်အရှင်ဆန္ဒာဓိက ရဲ့ ပညာရေးဖောင်ဒေးရှင်းမှာ ကျွန်တော်တို့ လှူခဲ့ပါသေးတယ်'' လို့ ခန့်စည်သူက ပြောပါတယ်။

Photo: Kyaw Soe Win Fb

 

သရုပ်ဆောင်ခန့်စည်သူ ဟာ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး ခဏခဏဆောင်ရွက်လျှက်ရှိပါတယ်။ မေတ္တာသိင်္ဂဟ ပရဟိတ အဖွဲ့ အနေနဲ့ ပရဟိတအကျိုးတွေဆောင်ရွက်လျှက်ရှိပြီး သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က