ကိုယ်တိုင်ပရိုဂျူဆာ လုပ်ဦးမယ်တဲ့။

ပိုပိုကတော့ သူမရဲ့ အိမ်မက်တွေကို တဖြည်းဖြည်း အကောင်အထည်ဖော်နိုင်ဖို့အတွက် ကြိုးစားနေသူပါ။ သူမက အဆိုတော် တစ်ယောက်အနေနဲ့သာမက ပရိုဂျူဆာအဖြစ်ပါ ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။

Photo : ပိုပို

ဂီတလောကမှာ နေရာတစ်နေရာ ရရှိထားတဲ့ အဆိုတော် ပိုပိုက ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး လူငယ်လေးတွေကို မွေးထုတ်ပေးဖို့ ကြိုးစားနေပါတယ်။ သူမရဲ့ အိမ်အသစ်ကြီးမှာ ကိုယ်ပိုင်စတူဒီယို ဖန်တီးထားပြီး လူငယ်တွေကို မြေထောင်မြှောက်ပေးသွားမယ်လို့ ဆိုပါတယ်။

“ပိုပိုက သီချင်းတွေလည်း လုပ်မယ်။ ပရိုဂျူဆာလည်း လုပ်မယ်။ အရမ်းတော်တဲ့ ကလေးတွေ ခေါ်ပြီး ပရိုဂျူဆာလုပ်မယ်။ အရင်ဆုံး ဆုစန္ဒီထွန်းကို ပရိုဂျူ လုပ်ပေးနေတယ်။ နောက်ပိုင်းကျရင် ပိုပိုအခြေအနေကောင်းလာရင် Entertainment အကြီးကြီးတွေလုပ်ဖို့ ရှိပါတယ်” လို့ ဇူလိုင်(၃) ရက်နေ့က သူမရဲ့ အိမ်တက်အလှူမှာ မီဒီယာတွေကို ပြောခဲ့တာပါ။

Photo : ပိုပို

သူမအနေနဲ့ အစကတည်း ပရိုဂျူဆာပိုင်းကို ဝါသနာပါတာလို့ ဆိုပါတယ်။ “ပိုပိုက အစကတည်းက ဝါသနာပါတာ။ Music ဖန်တီးနေရတဲ့သူဆိုတော့လေ အဲ့ဒါဝါသနာပါရင်းနဲ့ လုပ်တာပါ။ အများကြီး မပံ့ပိုးပေးနိုင်ရင်တောင်မှ ကိုယ်တတ်နိုင်သလောက် တော်တဲ့ကလေးတွေကို လုပ်ပေးချင်တယ်” လို့ သူမက ဆိုပါတယ်။

Photo : ပိုပို

ပိုပိုက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Share

Loading Next Article...
က္က