အခုဆိုရင် ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးတော့မှာပါ။

ခေးဆက်သွင်ကတော့ ရွှေထူး၊ ရွှေမှုံရတီတို့နဲ့အတူ “ကမ်း” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သူမကိုတော့ ဇာတ်လမ်းတွဲ မင်းသမီးအဖြစ်ကနေ ရုပ်ရှင်မင်းသမီးအဖြစ် ပရိသတ်တွေ မြင်တွေ့ရဦးမှာပါ။  

ပရိသတ်တွေက ဇာတ်လမ်းတွဲ မင်းသမီးလေးလို့တင်စားခေါ်ကြတဲ့ ခေးဆက်သွင်ကိုတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်တာတွေမြင်တွေ့ရတော့မယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ သူမဟာ “ကမ်း” ရုပ်ရှင်ဇာတ်ကားမှာ ရွှေထူး၊ ရွှေမှုံတို့နဲ့ အတူ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ရမှာဖြစ်ပါတယ်။ 



“ခေး အရင်တုန်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖို့လုပ်သေးတယ်။ ဟိုး လွန်ခဲ့တဲ့ ၄နှစ် ၅ နှစ်လောက်တုန်းကပါ။ အဲဒါလေးကလည်း ပျက်သွားပြီးတဲ့နောက်ပိုင်းမှာ ခေးကို ခေါ်လို့မရဘူးဆိုပြီးတော့ တချို့ ပရိုဂျူဆာတွေက ထင်ကြတယ်။ အခုတော့ နှင်းဆီ ဇာတ်လမ်းတွဲ အောင်မြင်ပြီးတဲ့နောက်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖို့ ရှိလာပါပြီ” ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့က “ကမ်း” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

ခေးဆက်သွင်ကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် “နှင်းဆီ” ဇာတ်လမ်းတွဲထဲမှာ ခေးဆက်သွင်က နှင်းဆီ ဆိုတဲ့ ကောင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အချစ်ကို ပိုပြီး အခိုင်အမာ ရခဲ့ပြန်တယ်လို့ သူကဆိုပါတယ်။ 

“ နှင်းဆီဇာတ်လမ်းတွဲ ကနေပြီးတော့ လူကြီးပရိသတ်တွေ ရလာတဲ့အတွက် နည်းနည်း အိန္ဒြေရတာပေါ့နော်။ ရင့်ကျက်တဲ့ ကောင်မလေး တစ်ယောက်ပုံစံမျိုး ကမ်းလှမ်းတာတွေရှိပါတယ်။ အဲဒါနဲ့ မတူတဲ့ ကာရိုက်တာတွေလည်း ထပ်လာဦးမှာပါ။ အပြင်မှာတော့ ကိုယ်က အမာညိုလိုပဲ ပေါက်ကျော်မပါ။ ဒါပေမယ့် အသက်အရွယ်လည်းရှိလာပြီဆိုတော့ တည်ငြိမ်တဲ့အခါလည်း တည်ငြိမ်မယ်၊ လှုပ်ခတ်တဲ့ အခါလည်း လှုပ်ခတ်မယ်ပေါ့” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

ခေးဆက်သွင်ကိုတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေအားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ဝါရင့်စီနီယာကြီးတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်လာရတဲ့ တစ်လျှောက် အနုပညာအရည်အသွေးတွေလည်း ပိုတိုးတက်လာလို့ အခုဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အရင်ကထက် ပိုင်ဆိုင်နေရပါပြီ။တက်သစ်စအနုပညာရှင်တစ် ယောက်ဖြစ်ပေမယ့် ပေးလာတဲ့ ကာရိုက်တာတိုင်းအပေါ် ကြိုးကြိုးစားစား သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်ချစ် အနုပညာရှင် တစ်ယောက် ဖြစ်လို့လာပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က