ဘယ်လောက်အထိ သရဲကြောက်တတ်တဲ့အကြောင်းတွေ ပြောပြပေးပါတယ်။

ထက်ထက်ထွန်း တစ်ယောက် သရဲကြောက်တတ်လွန်းလို့ ရေချိုးတာ၊ အပေါ့အပါးသွားတာတောင်မှ တံခါးပိတ်လေ့ မရှိပါဘူးတဲ့။ ဒီလို ကြောက်တတ်တဲ့ စိတ်ကတော့ ငယ်ငယ်ကတည်းကပါပဲ။

Photo: Li John

ပရိသတ်တွေက ထက်ထက်မြတ်မြတ် သွက်သွက်လက်လက် နေတတ်တဲ့ ကောင်မလေးတစ်ယောက်လို့ ယူဆထားတဲ့ ထက်ထက်ထွန်းက သူမရဲ့ အားနည်းချက်ကို အခုလို ပြောလာပါတယ်။ ဒါကတော့ သရဲကြောက်တတ်တဲ့ စိတ်ပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သရဲကား ကြည့်တော့ ကြည့်တယ်။ ဒါပေမယ့် ကြောက်တယ်။ ဘယ်လောက်အထိ ကြောက်သလဲဆိုရင် အိမ်မှာ ရေချိုးရင်လည်း တံခါးပိတ်ချိုးတာမဟုတ်ဘူး၊ အိမ်သာတက်ရင်လည်း တံခါးပိတ်တက်တာ မဟုတ်ဘူး။ ကိုယ့် အိမ်နဲ့ကိုယ်တောင် ကြောက်တာနော်။ သရဲကား ကြည့်တဲ့နေ့ဆို ပိုဆိုးတယ်။ အောက်ဆင်းပြီဆိုရင်လည်း အဖော်လေးနဲ့ အဲဒီလိုမျိုးဖြစ်နေတာ’’ ဆိုပြီးတော့ ဇူလိုင်လ ၇ ရက်နေ့က ‘’နှစ်ပါးသွား Update’’ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Htet Htet Htun

ထက်ထက်ထွန်း တစ်ယောက် သရဲကြောက်တတ်တဲ့ စိတ်ခံစားချက်တွေကို လည်း အခုလို ပြောပြလာပါသေးတယ်။

‘’ ငယ်ငယ်လေးကတည်းက ကြောက်တာ။ လူမကြောက်ဘူး။ လူဆို ပြန်ဖိုက်လို့ရတယ်၊ သရဲဆို မနိုင်ဘူးလေ။ ရိုက်ကွင်းမပြောနဲ့ ပြိုင်ပွဲတွေ၊ ဘယ်တွေ သွားသွား ဘယ်တော့မှ သရဲခြောက်မခံရဘူး။ ထက်က သရဲ အရမ်းကြောက်တတ်တော့လေ အရမ်းကာကွယ်တာ။ အခန်းတံခါးကို မပိတ်ထားဘူးဖွင့်ထားတယ် သူတို့ ထွက်ချင် ထွက်သွားလို့ရအောင်ပေါ့။ အခန်းထဲမှာလည်း မေတ္တာသုတ်တွေ၊ ပဌာန်းတွေ ဖွင့်ထားတာ’’ ဆိုပြီးတော့ ရယ်ရယ် မောမောနဲ့ ပြောပြလာပါတယ်။

Photo: Li John

ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့နေရပါပြီ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတဲ့သူတစ်ယောက်ပါ။ 

Share

Loading Next Article...
က္က