အလှူရှင်တွေလည်း များများပေါ်ပေါက်စေချင်တယ်။
Sabal Thwin

ဦးမြမောင်က ဇာတ်ကားတွေမရိုက်ရတဲ့အချိန်မှာတော့ အလုပ်တွေနားထားရတဲ့ လူကြမ်းသရုပ်ဆောင်တွေရဲ့ စားဝတ်နေရေးအတွက် အလှူရှင်တွေက ကျေးဇူးရှင်တွေလိုပါပဲတဲ့။

လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးမြမောင်က လက်ရှိမှာ ဇာတ်ကားရိုက်ကူးရေးတွေ ပါးနေလို့ မိသားစု စားဝတ်နေရေး အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အလှူအတန်းတွေ လုပ်ပေးကြတဲ့ အနုပညာရှင်တွေရှိတာကြောင့်လည်း စားဝတ်နေရေးအတွက် အထောက်အကူဖြစ်တယ်လို့ Duwun media ကနေပြောပြခဲ့ပါတယ်။

’ အလှူရှင်ကလေးလေးတွေ ပေါ်ပေါက်လာတဲ့အတွက် ကျွန်တော်တို့မှာ ရံဖန်ရံခါ နည်းနည်းလေး ပျက်ကာနီးလိုက် ဆန်လေး ဆီလေးရလိုက် အလှူရှင်လေးပေါ်လာလိုက်နဲ့ပေါ့။ အခုချိန်ကာလမှာ ကျွန်တော်တို့က အလှူရှင်ကလေးတွေ များများ ပေါ်ပေါက်လာပါစေ။ ပေါ်လာရင်လည်း ကျွန်တော်တို့အတွက် စားဝတ်နေရေးလေး နည်းနည်း ပြေလည်မယ်ပေါ့နော်’’ လို့ သူကဆိုပါတယ်။

အလှူရှင်တွေရဲ့ မေတ္တာ၊ စေတနာတွေကြောင့်လည်း ကျေနပ်ဝမ်းသာပီတိဖြစ်ရပါတယ်တဲ့။ ဒါကြောင့် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလေ့ရှိတယ်လို့ ဦးမြမောင်က ဆက်လက်ပြောပြခဲ့ပါတယ်။

‘’ အလှူ့ရှင်ဆိုတာကလည်း ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ပဲလေ။ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ အမြဲတမ်းရှိပါတယ်။ အလှူရှင်တွေကို ကျန်းမာ၊ ချမ်းသာကြပါစေ။ ဒီထက်ပိုပြီး တိုးတက်ပါစေ။ အနုပညာအလုပ်တွေ အောင်မြင်ပါစေ ဆိုတဲ့ ဆန္ဒနဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းက သူတို့အတွက် အမြဲတမ်း ဆုတောင်းပေးပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့က သရုပ်ဆောင် ရွှေပိုးအိမ်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: ဦးမြမောင်

ဦးမြမောင်ကိုတော့ ပရိသတ်တော်တော်များများက အက်ရှင်ဇာတ်ကားတွေကနေတဆင့် သတိထားမိကြမှာပါ။ သူဟာ အနုပညာအလုပ်ကို ရူးသွပ်သူလည်းဖြစ်သလို ဒီလောကထဲမှာ ရပ်တည်လာတဲ့ နှစ်တွေကလည်း အတော်ကို ကြာခဲ့ပါပြီ။ ဗီဒီယို ဈေးကွက် ပျက်ခဲ့ရတဲ့အချိန်မှာတော့ သူဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရသူပါ။ အခုချိန်မှာတော့ အပြင်အလုပ်လေးကနေရတဲ့ နေ့စား ငွေကြေးလေးနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က