အရမ်းကို လေးစားမိတယ်။
Sabal Thwin

လွှမ်းပိုင် က သရုပ်ဆောင်ဘက်မှာ အားကျရဆုံး အနုပညာရှင်က လူမင်းပါလို့ ဆိုပါတယ်။ လူမင်းရဲ့ သဘာဝဆန်တဲ့ အပြောအဆိုတွေကိုလည်း သဘောကျမိတယ်လို့ပြောပါတယ်။

Photo: Hlwan Paing

လွှမ်းပိုင်က အနုပညာလောကမှာ သူကိုယ်တိုင် လေးစားအားကျရတဲ့ သရုပ်ဆောင်ကြီးတွေ အကြောင်းကိုပြောပြလာပါတယ်။ ဒီအထဲကမှ သရုပ်ဆောင် လူမင်းကို အားပေးခဲ့ရတဲ့အကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေကနေ ဖွင့်ဟ ပြောပြလာပါတယ်။

‘’ အန်ကယ်လေးဆိုတာက ကျွန်တော် ငယ်ငယ်တုန်းက ကြိုက်တဲ့ သရုပ်ဆောင်တွေထဲမှာပါတယ်။ ပြီးတော့ ကိုသားကြီး ကြိုက်တယ်၊ ဦးလွင်မိုးကို ကြိုက်တယ်ပေါ့နော်။ အန်ကယ်လေးရဲ့ ဇာတ်ကားတွေကို ကြည့်ရင် အပန်းပြေတယ်။ သူက Entertainment ဖြစ်စေတဲ့ သရုပ်ဆောင်တွေထဲမှာပါတယ်။ သူနဲ့ပြန်တွေ့တော့ သူ့ကို ကျွန်တော် ပြောလိုက်သေးတယ် ရုပ်ရှင်ထဲက လူကြီးအတိုင်းပဲလို့ အန်ကယ်လေးကို ကြည့်လိုက်ရင်လည်း လုံးဝ သရုပ်ဆောင်နေတာနဲ့ မတူဘူးပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Zmazing Grace

လူမင်းရဲ့ စကားပြောဆိုပုံတွေကိုလည်း သဘောကျမိတယ်လို့ လွှမ်းပိုင်က ပြောပါတယ်။ သဘာဝဆန်လွန်းတဲ့ အနုပညာရှင်တစ်ယောက်ပါလို့ သူကဆိုပါတယ်။

‘’ ကျွန်တော်ထင်တာက သရုပ်ဆောင်တော်တော်များများက အပြင်မှာတော့ တစ်မျိုး စကားပြောပုံကအစပေါ့၊ အထဲမှာတော့ အိုက်တင်အရ စကားပြောတာက တစ်မျိုးပေါ့နော်။ သူကျတော့ အပြင်မှာ စကားပြောလည်း ဒီပုံပဲဆိုတော့ သူ့ကို ကြည့်ရတာ ရုပ်ရှင်ကြည့်နေရသလိုပဲ ဒါကတော့ အမှတ်တရပါပဲ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၇ ရက်နေ့က Oppo ဖုန်းအသစ်မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Hlwan Paing

လွှမ်းပိုင်ကို ပျော်စရာကြီး(၂) သီချင်းအခွေထဲက ‘’ခုန်လိုက်” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်အား ပေးမှုရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်ကိုယ်တော် အခွေတွေဖြစ်တဲ့ ‘’ဂီတစာဆိုု လွှမ်းပိုင်’’ အခွေနဲ့ ‘’ဂီတဗေဒ’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိခဲ့ပါတယ်။ ဂီတလောကမှာ အောင်မြင်ရုံသာမက သရုပ်ဆောင်ဘက်မှာလည်း တော်တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ သရုပ်ဆောင်ခင်ဝင့်ဝါကိုယ်တိုင်က Duwun Media ကနေ ပြောပြခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က