အနုပညာအလုပ်တွေ စလုပ်ချိန်မှာ အတူတွဲလုပ်ခဲ့ရတဲ့ မင်းသမီးပါ။

ကျော်ထူးကတော့ သရုပ်ဆောင် မေသန်းနုအတွက် စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ အနုပညာအလုပ်တွေ စလုပ်ခဲ့ချိန်မှာလည်း မေသန်းနုနဲ့ ဇာတ်ကား စရိုက်ခဲ့တာပါတဲ့။

Photo: U Kyaw Htoo



သရုပ်ဆောင် မေသန်းနု တစ်ယောက် ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ကျခံခဲ့ရတဲ့အပေါ် အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေ စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဦးကျော်ထူးကလည်း မဆင့်အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေ ရင်ဖွင့်ပြောပြလာပါတယ်။

“ အနုပညာသမားအချင်းချင်းကတော့ ကျွန်တော်လည်း စိတ်မကောင်းဘူးပေါ့နော်။ လူတိုင်း လူတိုင်းမှာတော့ အခက်အခဲလေးတွေ ရှိကြမှာပါ။ ဒီလိုပဲ မမြင်ရတဲ့ အခက်အခဲတွေရှိမှာပါပဲ စိတ်မကောင်းရုံက လွဲလို့ ဘာမှလည်း မတတ်နိုင်ဘူးပေါ့လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း မဝေဖန်လိုပါဘူး။ သူ့အတွက် အခက်အခဲကိုတော့ သူဘယ်လိုဖြေရှင်းတယ်ဆိုတာကို ကျွန်တော်တို့ မသိဘူး။ ဒါကြောင့် တစ်ဖက်သား ကိစ္စကို မပြောတာပဲ ကောင်းပါတယ်” လို့ ဆိုပါတယ်။

Photo: May Than Nu

ကျော်ထူးဟာ အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်မှာ မေသန်းနုနဲ့ အတူတူ ဇာတ်ကားရိုက်ခွင့်ရခဲ့တာလို့ ဆိုပါတယ်။ မဆင့်ရဲ့ မိသားစုဝင်တွေလည်း စိတ်မကောင်းဖြစ်နေကြမှာ သိသလို အနုပညာရှင်အချင်းချင်း လည်း ခံစားရတယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်းက “James ဂျိုကာ” ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“ သူ့မိသားစု၊ ကိုယ့်မိသားစု တူမှ မတူကြတာကိုး။ ဘဝတွေကလည်း နည်းမျိုးစုံနဲ့ဖြတ်သန်းလာရတာ တစ်ယောက်နဲ့ တစ်ယောက်က မတူညီကြဘူး။ ခံစားရတယ်ဆိုတာကလည်း အနုပညာသမား၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေနဲ့ စိတ်မကောင်းတာပါ။ ကျွန်တော်အနုပညာလောကထဲကို စဝင်လာတော့ သူရယ်၊ ဦးကျော်သူရယ် ရိုက်တဲ့ ဇာတ်ကားထဲမှာ ကျွန်တော်ပထမဆုံးပါဝင်ခွင့်ရတယ်။ အဲဒီနောက်မှာ မဆင့်နဲ့ ကျွန်တော် ဇာတ်ကားတော်တော်များများရိုက်ခဲ့ရတယ်။ သားသမီးတစ်ယောက်အနေ နဲ့ကလည်း မိဘက အခုလို ဖြစ်သွားတော့ စိတ်မကောင်းဖြစ်ရမှာပဲပေါ့” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

Photo: U Kyaw Htoo

သရုပ်ဆောင် မေသန်းနုကိုတော့ ဇန်နဝါရီလ ၂ ရက်နေ့က ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်ကျခံဖို့ ရန်ကင်း တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ တရားလို ဒေါ်စန်းစန်းမြင့်ဆီကနေ ငွေကျပ် သိန်း၁၂၀၀ ချေးခဲ့တာပါ။ ပထမအကြိမ် တရားရင်ဆိုင်တုန်းကတော့ တစ်လကို ငွေကျပ် ၅ သိန်းဆပ်ဖို့ သဘောတူညီခဲ့ပေမယ့် ၂ လပေါင်း ငွေကျပ် ၁၀ သိန်းသာပေးခဲ့ပြီး ပြန်မဆပ်တော့တာကြောင့် ဥပဒေအရ အခုလို တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဒေါ်စန်းစန်းမြင့်က Duwun media ကို ပြောပြခဲ့ပါတယ်။ ဒီအမှုဟာ ၂၀၁၆ ခုနှစ်ကတည်းက ရင်ဆိုင်နေရတဲ့ အမှု ဖြစ်တယ်လို့ သိရပါတယ်။

Photo: U Kyaw Htoo

ကျော်ထူးကိုတော့ ဟာသလူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ နဲ့ ဇာတ်လမ်းတိုတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အစီအစဉ်တင်ဆင်သူ အနေနဲ့လည်း ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ကျော်ထူးဟာ ဇာတ်ညွှန်းရေးဆရာ၊ စာရေး ဆရာတစ်ယောက်အဖြစ်နဲ့လည်း ရပ်တည်နေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က