စိတ်မကောင်းဖြစ်တာတွေ ပြောလာပါတယ်။

ထက်အောင်ရှိုင်းကတော့ ပရိသတ်ဝေဖန်မှုများစွာရှိနေတဲ့ ငြိမ်းမြတ်သူ အတွက် စိတ်မကောင်းဖြစ်ရတာတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Htet Aung Shine



သရုပ်ဆောင် ထက်အောင်ရှိုင်းကတော့ Tik Tok ရိုက်ရင်း လူသိများလာခဲ့တဲ့ ငြိမ်းမြတ်သူရဲ့ သွားတွေကို ပြုပြင်ပေးချင်တယ်လို့ ဆိုပါတယ်။ ပရိသတ်များစွာတို့ရဲ့ ဝေဖန်ပြောဆိုမှုကို ခံနေရတဲ့ သူမအတွက်ကိုလည်း စိတ်မကောင်းဖြစ်မိတယ်လို့ Duwun ကို ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်ကတော့ သူတင်ထားတဲ့ Post လေးတွေ ကြည့်ဖြစ်တယ်။ Share ထားတဲ့ သူတွေရဲ့ Comment လေးတွေကို တွေ့ကြတဲ့အခါ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် သူ့ကို သွား brace တပ်ပေးချင်တဲ့ ဆန္ဒဖြစ်ခဲ့တာကြောင့် အခုလို ဆုံးဖြတ်လိုက်တာပါ။ ညီမလေးကိုယ်တိုင်ကလည်း တပ်ချင်တယ်ဆိုတာကို ချက်ချင်း ဆက်သွယ်လာပါတယ်။ သူ Tik Tok ရိုက်တယ်ဆိုတာ သူ့Post ကို Share ပြီးတော့ လူတွေပြောမှ သိတာပါ။ သူ့ရဲ့ ဓာတ်ပုံတွေကိုပဲ ကျွန်တော် မြင်ဖူးတာပါ။ သူများတွေကပြောတာ သူက Tik Tok ရိုက်တယ် အဲဒီမှာ တလွဲလေးတွေ လုပ်တာကစပြီး အခုလို နာမည်ကြီးလာတာလို့ ကျွန်တော်လည်း သိရတယ်” လို့ ဆိုပါတယ်။ 

Photo: Htet Aung Shine

လူတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ ဖန်တီးယူလို့ မရနိုင်ဘူးလို့ ထက်အောင်ရှိုင်းက ပြောပါတယ်။ ဒါကြောင့် ကိုယ်ချင်းစာတတ်စေချင်တယ်လို့လည်း သူက ဆိုပါတယ်။ 

“ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ကိုပြောနေကြတာတွေ တွေ့ရတော့ ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်တာပါ။ လူတစ်ယောက်က သူ့ဘာသာသူ ဘာပဲလုပ်လုပ် သူအောင်မြင်ချင်တယ်ဆိုရင် အောင်မြင်မှု တစ်ခုကတော့ ရလာမှာဘဲ။ သူ့ရဲ့ အောင်မြင်မှုက သူနဲ့ဆိုင်တယ်၊ သူ့ရဲ့ အရည်အချင်းနဲ့ဆိုင်တယ်။ ပရိသတ်တွေ လက်ခံတယ်၊ လက်မခံဘူးဆိုတာ သူ့ရဲ့ လုပ်ရပ်အပေါ်မှာ မူတည်တယ်။ ဒါကို ဘယ်သူမှလည်း ဖန်တီးပေးလို့မရသလို၊ ဘယ်သူမှလည်း ဖျက်စီးလို့ မရဘူး။ လူတစ်ယောက်အောင်မြင်ချင်တယ်ဆိုရင် အဲဒီအောင်မြင်မှုကို ရိုက်ချိုးလို့ မရဘူး။ ကိုယ့်အမြင်နဲ့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောလို့ မရဘူး။ လူတိုင်းကို ကိုယ်ချင်းစာတရားလေး ထားစေချင်တယ်။ ကိုယ်သာ သူ့နေရာမှာဆိုတဲ့ စိတ်လေး အားလုံးကို ထားစေချင်တယ်” လို့ ပြောပါတယ်။ 

Photo: Nyein Myat Thu

ထက်အောင်ရှိုင်းကတော့ လက်ရှိမှာ ငြိမ်းမြတ်သူနဲ့ မတွေ့ဆုံရသေးတဲ့အကြောင်းပြောလာပါတယ်။ သူကိုယ်တိုင် အားပေးစကား မပြောရသေးဘူးလို့ ဆိုပါတယ်။ 

“ သူ့ကိုလည်း ကျွန်တော်ကိုယ်တိုင် အားပေးစကား မပြောဖြစ်သေးဘူး။ သူနဲ့ ကျွန်တော်လည်း စကားတွေ အများကြီး မပြောရသေးပါဘူး။ သွား ကိစ္စ နဲ့ ပတ်သက်ပြီး သူ လုပ်မလားလို့ ကျွန်တော်မေးတယ်၊ သူကိုယ်တိုင်ကလည်း လုပ်ချင်တယ် ပြောတာနဲ့ အခု ဆရာဝန်တွေနဲ့ ချိန်းထားတယ်။ ချိန်းတဲ့ ရက်လေးကိုလည်း ကျွန်တော် ပြန်ပြောထားတယ် ဒီလောက်ပါပဲ။ ကျန်တာကတော့ ဘာမှ မပြောဖြစ်သေးဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Htet Aung Shine

ထက်အောင်ရှိုင်းကတော့ မကြီးစန်းနဲ့သူ၏ချစ်သူများ ဗီဒီယိုဇာတ်ကားမှာ မကြီးစန်းရဲ့ချစ်သူကောင်လေးတစ်ယောက် ကာရိုက်တာနဲ့ ပရိသတ်တော်တော်များများ သိခဲ့ပေမယ့်လည်း ဝေဖန်မှုအမျိုးမျိုးကို ခံခဲ့ရတဲ့ သရုပ်ဆောင် အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီးတွေ နဲ့ တီဗီကြော်ငြာ များစွာတို့ကိုလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က