Tik Tok လည်း ဆော့ကြည့်နေတယ်။

စိုင်းစိုင်းကတော့ အခုချိန်မှာ အားကျရဆုံးက လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင် အားကျခဲ့ရသူတွေလည်းရှိတယ်လို့ ပြောပါတယ်။

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ ဘဝဖြတ်သန်းမှုတစ်လျှောက်လုံးမှာ အားကျခဲ့ရသူတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ အခုချိန်မှာ သူ အားကျရဆုံးကတော့ လူငယ်တွေပါပဲ ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်လည်း ငယ်ငယ်တုန်းက လူကြီးတွေကို အားကျတယ်။ နည်းနည်းကြီးလာတော့ ကျွန်တော်နဲ့ ရွယ်တူ တန်းတူ သူငယ်ချင်းတွေ အလုပ်လုပ်နေကြတာ၊ ကြိုးစားနေကြတာကို အားကျတယ်။ နောက်ထပ်နည်းနည်းလေးကြီးလာတော့ ကျွန်တော့်ထက် ငယ်တဲ့ လူငယ်တွေ၊ ကောင်လေးတွေ ကောင်မလေးတွေ ကြိုးစားနေကြတယ်။ သူတို့မှာ အခွင့်အရေးတွေ အများကြီးရှိတယ်၊ အင်တာနက်ခေတ်ကြီးမှာ ကျွန်တော်တို့ တုန်းကထက် အသိအမြင်တွေ အများကြီး ပွင့်လင်းလာတာကို အားကျတယ်။ အခုလောလောဆယ်မှာ လူငယ်တွေကို ဘာပြောချင်သလဲဆိုရင်လည်း လူငယ်တွေကို ကျွန်တော် အားကျတယ်’’ လို့ ဆိုပါတယ်။

Photo: Sai Sai

အခုလက်ရှိမှာလည်း သူက လူငယ်တွေ အသုံးပြုနေတာများတဲ့ Tik Tok ကို လေ့လာကြည့်နေတုန်းပဲလို့ စိုင်းစိုင်း ကပြောပါတယ်။

 ‘’Tik Tok ကို သိပ်မသုံးတတ်သေးတော့ အခုထိ မသုံးဖြစ်သေးဘူး။ ဘယ်သူ့ကို Follow လုပ်ရမယ်မှန်းလည်း မသိသေးဘူး။ အခုလည်း မသုံးသေးဘူး ဒါပေမယ့် အခုက Tik Tok ခေတ်စားတယ်ဆိုတော့လည်း ဗီဒီယိုလိုက်ကြည့်တာ ပျော်စရာတော့ကောင်းတယ်။ ကျွန်တော်လည်း နည်းနည်းတော့ လိုက်လုပ်ဖို့ကြိုးစားနေတာ မကျွမ်းသေးဘူး’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့က Halloween Press ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Sai Sai

စိုင်းစိုင်းဟာ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က