လူကြီး ကာရိုက်တာတွေနဲ့ပဲ မြင်နေရတာ ဘာကြောင့်လဲ။

အောင်ရေချမ်းဟာ လူကြီးဆန်ဆန်ကာရိုက်တာတွေပဲရိုက်ဖြစ်နေတဲ့အကြောင်း ပြောပြလာပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် ခံစားချက်အရ ဖန်စီ ဇာတ်ကားလေးတွေရိုက်ချင်ပါသေးတယ်တဲ့။

Photo: Aung Yay Chan



အောင်ရေချမ်းကတော့ တက်သစ်စ အနုပညာရှင်တွေထဲမှာ ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ မင်းသားချောတစ်ယောက်ဖြစ်လာပါပြီ။ သူ့ကိုတော့ လူငယ်ဆန်ဆန် ကာရိုက်တာထက် ခေတ်ဟောင်းက လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာတွေနဲ့ပဲ မြင်ရတာ များတဲ့ အကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ကျွန်တော့်ရဲ့ အထက်က ဒါရိုက်တာတွေ၊ ဝတ္ထုရေးတဲ့ ဆရာတွေ တိုင်ပင်ပြီးတော့ ရွေးချယ်ကြတဲ့အပေါ်မှာ မူတည်ပြီးတော့ သက်ရောက်လာတယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရွေးချယ်ခွင့်မရတဲ့အရာအတွက်တော့ မပြောပြတတ်ဘူး။ လူငယ်ဆန်ဆန်လေးတွေလည်းရိုက်ချင်တယ်။ အချစ်ဖန်ဆီ၊ ဒရာမာ အချစ်ဇာတ်ကားလေးတွေလည်း ရိုက်ချင်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Aung Yay Chan

အောင်ရေချမ်းကိုတော့ မကြာခင်ရုံတင်ပြသတော့မယ့် ‘’ရိုးမပေါ်ကျတဲ့ မျက်ရည်’’ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝင်းချစ် ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

‘’ ဒီဇာတ်ကားက ဝတ္ထုသဘောအရ သွားတာပေါ့နော်။ ၁၉၈၀ နောက်ပိုင်းတွေပေါ့နော်။ အဝတ်အစားပိုင်းတွေကလည်း အခက်အခဲမရှိပါဘူး။ တောရွာဆိုတော့ ဆံပင်ပုံစံကပဲ နည်းနည်းလေး အခက်အခဲဖြစ်လိမ့်မယ်။ တချို့ဆို ယောက်ျားလေး ဆံပင်ဂုတ်ထောက်တွေလည်းရှိတယ်လေ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့ညက ‘’ရိုးမပေါ်ကျတဲ့ မျက်ရည်’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Aung Yay Chan

အောင်ရေချမ်းကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ဇာတ်လမ်းတွဲ မင်းသားလေးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရတာပါ။ လက်ရှိမှာလည်း သူဟာ စီနီယာ အနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က