လက်ရှိ သူတို့နှစ်ဦးရဲ့ အခြေအနေကို ပြောပြလာပါတယ်။
Sabal Thwin

‘’မြ’’ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်ရဲတိုက်နဲ့ မရိုက်ဖြစ်တဲ့အကြောင်းတွေ ဒါရိုက်တာ ညိုမင်းလွင်က ပြောလာပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်ကတော့ ‘’မြ’’ဇာတ်ကားထဲမှာ ပါဝင်မယ့် အနုပညာရှင်အပြောင်းအလဲဖြစ်သွားတဲ့အပေါ် အခုလို ပြောပြလာပါတယ်။ ရဲတိုက်နဲ့ သူနဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေကိုလည်း Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

‘’ တစ်ယောက်မဟုတ် တစ်ယောက်က ဒါမျိုးတော့ ဖြစ်တတ်ပါတယ်။ ရဲတိုက်နဲ့ အစ်ကိုနဲ့ကလည်း ဘာမှ ပြဿနာမရှိပါဘူး။ ဒီဇာတ်ကားမှာ မဆုံလည်း နောက်ဇာတ်ကားတွေမှာ ဆုံမယ် ဒီ သဘောပေါ့။ တကယ်ကို ဘာပြဿနာမှ မရှိခဲ့ပါဘူး’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ညိုမင်းလွင်က မြ ရုပ်ရှင်ဇာတ်ကားထဲမှာ အဆိုတော် ဖြိုးမြတ်အောင်ကို သရုပ်ဆောင်တစ်ယောက်အဖြစ် စတင် အသက်သွင်းသွားမှာဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကိုလည်း ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။

‘’ ဖြိုးမြတ်အောင်ရဲ့ ကာရိုက်တာ အတွက်ကို ယုံပါတယ်။ ကျွန်တော် ဒါရိုက်တာ တစ်ယောက်အနေနဲ့ သူ့ကို ကြည့်လိုက်ရင်လည်း ဒီကာရိုက်တာကို သူ အကောင်းဆုံး သရုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာ သိပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၅ ရက်နေ့က ‘’မြ’’ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

မြ ရုပ်ရှင်ဇာတ်ကားကိုတော့ အောက်တိုဘာလအတွင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပုံဖော်သွားမှာပါ။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ ဖြိုးမြတ်အောင်၊ Dee Dee Burmese နဲ့ သင်ဇာဝင့်ကျော် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဒါရိုက်တာ ညိုမင်းလွင် ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ပြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က