မော်ဒိုက်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေ အကြောင်းပြောလာပါတယ်။

ကျော်ထက်ဇော်ကတော့ မအေးသောင်းနဲ့ အတူတူ အရမ်း Ro လွန်းတဲ့ ဓာတ်ပုံတွေ တင်လိုက်တဲ့ အကြောင်းပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း မအေးသောင်းကို အရမ်းသဘောကျခဲ့ဖူးတဲ့ ပရိသတ် တစ်ယောက်ပါတဲ့။

Photo: Kyaw Htet Zaw



မအေးသောင်းနဲ့ ကျော်ထက်ဇော် တို့ရဲ့ အတွဲညီညီ Ro ထားတဲ့ ဓာတ်ပုံတွေကဆိုရင်တော့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တစ်ဟုန်ထိုး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကိုလည်း ကျော်ထက်ဇော်ကပဲ တင်ခဲ့တာပါ။ ဒါကလည်း မအေးသောင်းဆီက ခွင့်ပြုချက်ရလို့တင်လိုက်တာပါလို့ မီဒီယာ အင်တာဗျုးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’နှစ်ယောက်တည်းပုံတွေ တင်ဖြစ်တာကလည်း အဲဒီခရီးမှာ မနက်ဆိုရင် ဓာတ်ပုံတွေရိုက်ကြတော့ အစ်မကလည်း လာမောင်လေးရိုက်မယ် ဆိုပြီးတော့ အစ်မနဲ့ရိုက်ဖြစ်သွားတယ်။ ဓာတ်ပုံတွေကလည်း အရမ်းလှနေတော့ အစ်မကို ခွင့်တောင်းပြီးတော့ တင်လိုက်တာ။ ဒီလိုခရီးကို နှစ်ယောက်တည်းသွားရင်လည်း လှလှပပလေး Ro လို့ရတယ် ဆိုတာကို ပြချင်တာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့က Oppo Reno 2/ 2F စမတ်ဖုန်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Kyaw Htet Zaw

ကျော်ထက်ဇော်ကတော့ မအေးသောင်းကို အရမ်းအားပေးခဲ့ဖူးတဲ့ ပရိသတ်တစ်ယောက်ပါလို့ ဆိုပါတယ်။ သူ သဘောကျတဲ့ အနုပညာရှင်နဲ့ အလုပ်တွေ အတူတူလုပ်ရတာကလည်း ပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။

‘’ မအေးသောင်းဆိုရင် ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ သရုပ်ဆောင်ပေါ့နော်။ MTVတွေဆို တောက်လျှောက်ရိုက်ခဲ့ကြတာလေ။ မအေးသောင်း MTV တွေဆိုလည်း ကြည့်ခဲ့ဖူးတယ်။ အများကြီးပဲ။ အခုချိန်မှာကျတော့ ကိုယ်နဲ့ ခရီးတွေ အတူတူသွားရတယ်။ ဓာတ်ပုံတွေလည်း အတူတူရိုက်ခွင့်ရတဲ့အတွက် ပျော်တာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Kyaw htet Zaw

ကျော်ထက်ဇော်ကတော့ မိန်းကလေး ပရိသတ် အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။

‘’ အချစ်ရေးကတော့ လောလောဆယ် အေးအေးဆေးဆေးပါပဲ။ ကိုယ့်ကိုယ်ကိုယ်ပဲချစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်သဘောကျတဲ့ ကောင်မလေးရယ်လို့ တစ်သတ်မတ်တည်း သတ်မှတ်ထားတာမျိုးတော့ မရှိဘူး။ ဖူးစာပါတဲ့သူတော့ ချစ်တာပေါ့။ ဝဝကစ်ကစ်လေးတွေဆို ပိုချစ်တယ်။ အသက်ပဲကြီးကြီး အသက်ပဲ ငယ်ငယ် ကိုယ့်အတွက် တကယ်လက်တွဲဖော်ဖြစ်လာမယ်ဆိုရင်တော့ လက်တွဲရမှာပဲလေ’’ လို့ ဆိုပါတယ်။

Photo: Kyaw Htet Zaw

ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေထုတ်လွှင့်ပြသတဲ့ ‘’အမုန်းမှသည်’’ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာရတာဖြစ်ပြီး အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ တက်သစ်စ သရုပ်ဆောင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က