မဖွေးက ကျွန်တော်တို့တွေကို စကားတွေနေ့တိုင်းပြောပေးခဲ့တယ်။

ဖွေးဖွေး ဟာ သရုပ်ဆောင်အသစ်တွေအပေါ်မှာ မာန်မာနမရှိ တစ်သားတည်း ဆက်ဆံတတ်တဲ့အကြောင်းတွေ ချာလီက ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အရမ်းကြိုက်ခဲ့ရတဲ့ မင်းသမီးပါတဲ့။

ချာလီ ဟာ သူကိုယ်တိုင်အရမ်းချစ်ပြီး အရမ်းအားပေးခဲ့ရတဲ့ ဖွေးဖွေးနဲ့အတူ ''သူစိမ်းအိမ်''ရုပ်ရှင်ကားကြီးရိုက်ကူး ထားတယ်လို့ဆိုပါတယ်။ ဖွေးဖွေးနဲ့ စတင်တွေ့ဆုံချိန်မှာ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ ခံစားချက်တွေကို Duwun Media ကနေ ပြောပြထားပါတယ်။



‘’ကျွန်တော် မဖွေးနဲ့ တွေ့တဲ့ Rehearsal နေ့မှာ အတူတူ အလုပ်တွေလုပ်ကြတယ်။ ဒိုင်ယာလော့တွေ ပြောကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မဖွေးလက်တွေ ကိုင်တာတို့၊ ဆံပင်လေးသပ်ပေးတာတို့ လုပ်ရတဲ့နေရာတွေ ပါတဲ့အခါကျတော့ ကျွန်တော့်လက်တွေဆို လုံးဝ အေးစက်ပြီး အေးခဲသွားတယ်။ လက်တွေလည်းတုန်တယ်။ မဖွေးဆိုတာ ကျွန်တော်အရမ်းကြိုက်ခဲ့တဲ့ မင်းသမီးဖြစ်တာကြောင့် အရမ်းလည်း စိတ်လှုပ်ရှားတယ်၊ ပျော်လည်း ပျော်တယ်၊ ရင်လည်းခုန်ခဲ့ရပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ဇာတ်ကားရိုက်ဖို့လေ့ကျင့်နေတဲ့အချိန်မှာလည်း ဖွေးဖွေး က ဆက်ဆံရေးကောင်းလွ န်းလှတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

‘’ မဖွေးက ကျွန်တော်တို့အပေါ်မှာ တော်တော်လေးကို ကောင်းပါတယ်။ ကျွန်တော်တို့ မရှိန်အောင်လို့ နေ့တိုင်း ကျွန်တော်တို့ကို စကားတွေပြောပေးတယ်။ ထမင်းစားရင်လည်း အတူတူပဲ။ ပြီးတော့ မုန့်တွေလည်း ကျွေးတယ်။ ရှုတင်နားပြီဆိုတာနဲ့ ကျွန်တော်တို့ကို မုန့်တွေ ကျွေးတယ်။ အဲဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းလည်း ရင်းနှီးလာသလို အပေးအယူတွေလည်း အရမ်းကောင်းလာပါတယ်’’ လို့ ဇူလိုင်လ ၁၆ ရက်နေ့က သူစိမ်းအိမ် ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: သူစိမ်းအိမ်

ချာလီနဲ့ ဖွေးဖွေး တို့ရဲ့ ပထမဆုံးတွေ့ဆုံပြီး သရုပ်ဆောင်ထားတဲ့ ‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေ သဘောကျစေရမယ်လို့ ချာလီက ပြောပါတယ်။

"ကျွန်တော် အာမခံတာကလေ ၁ ရက်နေ့ကျရင် ပရိသတ်တွေ သူစိမ်းအိမ်ကို သွားကြည့်ပြီးတော့ ရုံပြင်ကို ထွက်လိုက်တာနဲ့ Facebook မှာ Status တစ်ကြောင်းတင်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်။ ဘယ်လိုဟာမျိုးလည်းဆိုတော့ ဒီဇာတ်ကားကို ချီးကျူးမယ့် Status တစ်ခုဖြစ်မယ်လို့ ကျွန်တော်ထင်တယ်’’ လို့ သူကဆိုပါတယ်။

Photo: ACT

ချာလီရဲ့ နာမည်အရင်းကတော့ ကျော်ရဲမြင့်ငြိမ်းဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ပိုသိတာဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏဆိုသလို ရိုက်ကူးနေရတဲ့သူတစ်ယောက်ပါ။ အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ စမတ်ကျတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လို့ မိန်းကလေးပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က