ဝတ်နိုင်၊ စားနိုင်ရုံပါပဲတဲ့။
Ei Ei Myat

အခုလို ကိုဗစ်ကာလအတွင်းမှာဆိုရင် ဝင်ငွေမရှိတာကြောင့် ပိုက်ဆံကို သေချာသုံးပြီး နေထိုင်ရသလို ဘာပစ္စည်းမှတောင် မဝယ်ဖြစ်ဘူးလို့ ဆိုပါတယ်။

Photo ; အေးမြတ်သူ

တိုက်ခန်းလေးနဲ့ နေပြီး မိသားစုကို ထောက်ပံ့နေတဲ့ မင်းသမီးချောလေး အေးမြတ်သူက သူမဟာ အရမ်းချမ်းသာတဲ့ မင်းသမီးတွေထဲမှာ မပါဘူးလို့ ဆိုပါတယ်။ အခုလို ကိုဗစ်ကာလအတွင်းမှာဆိုရင် ဝင်ငွေမရှိတာကြောင့် ပိုက်ဆံကို သေချာသုံးပြီး နေထိုင်ရသလို ဘာပစ္စည်းမှတောင် မဝယ်ဖြစ်ဘူးလို့ ဆိုပါတယ်။

“အေးမြတ်သူက အရမ်းပေါများနေတဲ့ သူမဟုတ်ပါဘူး။အေးမြတ်သူရဲ့ live ကို ကြည့်ရင်သိနိုင်ပါတယ်။ အရမ်းကြီး စုမိဆောင်းမိပြီး အရမ်းကြီး ရတဲ့မင်းသမီးထဲမှာ မပါဘူး။ကြော်ငြာတွေလည်းအများကြီး ရိုက်ရတဲ့ မင်းသမီးလည်း မဟုတ်ဘူး။ ကိုယ်လည်း ကျစ်ကျစ်လစ်လစ်လေး ဆုထားရတာ ဒီလတွေထဲမှာဆိုရင် ဘာမှလည်း မဝယ်ဖြစ်ဘူး။ အေးမြတ်သူက နေနိုင်စားနိုင်တယ် လူမြင်တင့်အောင်တော့ ဝတ်နိုင်တယ် လုပ်ငန်းကြီး တစ်ခုလုပ်ရအောင် တစ်ခုခု ရင်းနှီးရအောင်တော့ ပိုလျှံနေတာမျိုး ပိုက်ဆံအများကြီး ရှိတဲ့ထဲမှာတော့ အေးမြတ်သူ မပါပါဘူး”လို့  ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

Photo ; အေးမြတ်သူ

ဒါပေမယ့်လည်း သူမနဲ့အတူတူ အလုပ်တွဲလုပ်ဖူးတဲ့ ဇာတ်ပို့၊ဇာတ်ရံသမားတွေနဲ့ စက်အဖွဲ့သမားတွေအတွက် သူမတိုက်နိုင်သ‌လောက် လှူဒါန်းခဲ့ပါ‌သေးတယ်။ ဒီအလှူငွေကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တဆင့် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

“ လက်ရှိ စက်အဖွဲ့ပဲဖြစ်စေ၊ ဇာတ်ပို့ ဇာတ်ရံပဲဖြစ်စေ အားလုံးက ကိုယ်နဲ့ အလုပ်လုပ်ဖူးတဲ့သူတွေချည်းပဲ။ သူတို့လည်း အခက်အခဲ အကြပ်အတည်းဖြစ်တယ်၊ ကိုယ်လည်း အတူတူပဲ အရမ်းပေါများနေတဲ့သူတော့ မဟုတ်ပါဘူး။ မွေးနေ့ မလုပ်လိုက်တဲ့ ပိုက်ဆံတွေကို သိမ်းထားမယ်ဆိုပေမယ့် ကိုယ့်ထပ် အကြပ်အတည်းဖြစ်နေတဲ့ မောင်နှမတွေကို ကူညီပေးမယ်လို့ ရည်ရွယ်ပြီးလှူခဲ့တာပါ။” လို့ ဇွန်လ(၁၉) ရက်နေ့က မီဒီယာအင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

Photo ; အေးမြတ်သူ

အေးမြတ်သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။

 

 


က္က