သူ ဂစ်တာတီးတာ အများကြီး မတွေ့ဖူးဘူး။

ပြေတီဦးကတော့ အိန္ဒြာကျော်ဇင် ဂစ်တာတီးတာ သိပ်မတွေ့ဖူးဘူးလို့ ပြောပါတယ်။ 

 

Photo: Eaindra Kyaw Zin



ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ အိမ်ထောင်ရေးကတော့ ပရိသတ်တိုင်းရဲ့ အားကျမှုကို ရရှိထားတဲ့ အိမ်ထောင်ရေးလေးဖြစ်ပါတယ်။ မကြာသေးခင်က အိန္ဒြာကျော်ဇင် ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဂစ်တာလေးတီး၊ ပြေတီဦးက သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ပါတယ်။ ဒီဗီဒီယို ဖိုင်လေးက ပရိသတ်ကြားမှာ တစ်ပတ်အတွင်း 6M အထိဖြစ်ခဲ့ပါတယ်။ ဒီအောင်မြင်မှုအပေါ် ပြေတီဦးရဲ့ ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။ 

“အရမ်းအားပေးကြတယ်။ တစ်ပတ်အတွင်းကို ကြည့်တဲ့သူပေါင်း ၆ မီလီယံကျော်သွားပြီ။ ပျံ့နှံ့သွားတာဆိုရင်လည်း ၁၀သန်းကျော်သွားပြီ။ ဘာပဲဖြစ်ဖြစ် စိတ်အနှောင့်အယှ က်မဖြစ်ကြပဲနဲ့ ပျော်ကြတယ်ဆိုရင်တော့ ဝမ်းသာတာပေါ့နော်။ စိတ်အနှောင့်အယှက်ဖြစ်သွား ရင်လည်း တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။သူလည်း ကျွမ်းကျွမ်းကျင်ကျင် မဟုတ်ပေမယ့် တီးတတ်တယ်။ သူ ဂစ်တာတီးတာ အများကြီး မတွေ့ဖူးဘူး။ ”ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရွာဇော်ကြီး ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း  Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Pyay Ti Oo

ပြေတီဦးဟာ အိန္ဒြာကျော်ဇင်ကို “အပျိုလေးရဲ့ ကောင်းဘွိုင်”၊ “သစ်ရွက်စိမ်းလေးရဲ့ အချစ်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဇာတ်ကားအတူတူရိုက်ကူးရင်း စိတ်ဝင်စားခဲ့မိတယ်လို့ ပြောပါတယ်။ အိန္ဒြာကျော်ဇင်ကို ချစ်မိပြီး ဂစ်တာတီး၊ သီချင်းဆိုရတဲ့ ဇာတ်ဝင်ခန်းတွေထဲမှာ Mood အပြည့်ထည့်ရင်း အပြင်မှာ တကယ် ကြွေခဲ့မိတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ ပြေတီဦးကို ဘယ်လို စပြီး စိတ်ဝင်စားခဲ့တယ်ဆိုတာတော့ ပြေတီဦးကိုယ်တိုင်လည်း မသိရသေးပါဘူးလို့ ဆိုပါတယ်။ 

Photo: Pyay Ti Oo

ပြေတီဦးဟာ ဇနီးချောလေး ခရီးထွက်သွားတဲ့ အချိန်မှာ သားနဲ့ သမီးကို ထိန်းကျောင်းရင်း ကျန်ခဲ့ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ “ နတ်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို အင်ဒီနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဖေဖော်ဝါရီလပထမပတ်တုန်းက သွားရောက် ရိုက်ကူးခဲ့တာပါ။ ဇနီးချောလေးက ခရီးထွက်သွားတာ ကြာလွန်းတဲ့အတွက် လွမ်းလည်း လွမ်းမိတယ်လို့ ပြေတီဦးက ပြောပါတယ်။ 

“ခရီးထွက်တာ ကြာတော့ သတိရတာလည်း ပါတယ်။ အစ်ကိုနဲ့ အစ်မတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အမြဲ စနောက်ပြီးတော့ နေကြတာ။ သတိရတဲ့အကြောင်းကို ပြောရင်းနဲ့ စချင်နောက်ချင်တာလေးတွေကလည်း ထုံးစံအတိုင်း အမြဲတမ်း ပါတာပေါ့နော်။ စတတ်၊ နောက်တတ်တဲ့ အကျင့်က ငယ်ငယ်တုန်းကတည်းကပါတာ။ မအူဝဲကိုဆိုရင် အကြောင်းအရင်းမရှိပဲနဲ့ကို စနေတာ” လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Eaindra Kyaw Zin

ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ဟာ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။ ပြေတီဦးကတော့၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က