ကွင်းဆက်မပြတ်အောင် တရားလိုဘက်က ထွက်ဆိုထားနိုင်ပါတယ်။

တရားလိုရဲ့ရှေ့နေဖြစ်တဲ့ ဦးရောဘတ်စန်းအောင်ကတော့ မင်းရာဇာရဲ့ အမှု အခြေအနေဟာ တိုးတက်မှု ရှိလာပြီလို့ ဆိုပါတယ်။ 

အိမ်အကူမိန်းကလေးကို ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေ ကြောင့် တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကိုတော့ ဒီနေ့ ဇွန်လ၂၆ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးချိန်းခေါ်ဆိုခဲ့ပြီး တရားလိုဘက်ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။



 အမှုအခြေအနေနဲ့ ပတ်သက်ပြီး တရားလိုရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းဆောင်က မီဒီယာတွေကို အခုလို ပြောပြလာပါတယ်။ 

" အမှုအခြေအနေက တိုးတက်မှု ရှိလာပါတယ်။ ထွက်ဆိုချက်တွေကလည်း ကွင်းဆက်မပြတ် ထွက်ဆိုထားနိုင်ပါတယ်။ ဥပဒေအရာရှိကလည်း ကျွမ်းကျွမ်းကျင်ကျင်ပဲ ဒေါ်သင်းသင်းခိုင်ကို ဆွဲခေါ်သွားနိုင်တယ်။ ဒါကြောင့် အမှု အခြေအနေက တိုးတက်မှုရှိလာပြီလို့ ပြောလို့ရတယ်။ တရားသူကြီးကလည်း သမာသမတ်ကျကျနဲ့ ဝင်ရောက် ဟန့်တားတာမျိုးတွေ မရှိပါဘူး။ အားလုံး အဆင်ပြေကြပါတယ်" လို့ ဇွန်လ ၂၆ ရက်နေ့ ရုံးချိန်းမှာ ဖြေဆိုခဲ့ပါတယ်။

 မင်းရာဇာရဲ့ အမှုကိုတော့ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှာ ဇူလိုင်လ(၃) ရက်နေ့မှာ ဆက်လက် စစ်ဆေးသွားဦးမယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ မြောက်ဥက္ကလာ တရားရုံးက ရုံးချိန်းမှာ မင်းရာဇာ ထွက်ဆိုထားတဲ့ စကားတွေကို သက်သေခံအဖြစ် မှတ်ယူထားတယ်လို့ သူက ဆိုပါတယ်။ 

" နောက်တစ်ပတ် စစ်ဆေးမှာက တရားလို ဒေါ်သင်းသင်းခိုင်ရဲ့ ထွက်ချက် တစ်စိတ်တစ်ပိုင်းကို စစ်ဆေးပြီးသွားရင် တစ်ဖက်က အစွပ်စွဲခံရသူဘက်က အပြန်အလှန်မေးခွန်း မေးတဲ့ အပိုင်း ဖြစ်လာမှာပေါ့ဗျာ။ ဟိုဘက်က ပြောနေတာတွေကလည်း ပြောချင်တာ ပြောပါစေ။ ပြောသမျှကလည်းကျွန်တော်တို့အတွက် သက်သေခံချက် တစ်ချက် ရတယ်။ သူတို့ပြောသမျှကို စောင့်ပြီး စာရင်းမှတ်တယ်။ ဘယ်နေ့မှာ ဘယ်လို ပြောတယ် ဆိုတာပေါ့" လို့ ဆိုပါတယ်။

 လက်ရှိမှာလည်း တရားလို အိမ်အကူမိန်းကလေးရဲ့ ကျန်းမာရေး အခြေအနေကိုလည်း ဦးရောဘတ်စန်းအောင်က ပြောပြလာပါတယ်။ " ကလေးမလေးရဲ့ ကျန်းမာရေး အခြေအနေကလည်း မူလဒဏ်ရာတွေက ပြန်ပြီးတော့ ဆေးသောက်ရတဲ့ အဆင့်အထိပေါ့နော်။ ပြီးခဲ့တဲ့ ရုံးချိန်းမလာနိုင်ကြတာကလည်း မြောက်ဥက္ကလာပ ဆေးရုံ ပြန်ပြနေရလို့ပါ။ ကောင်းသွားမှာပါ။ ဆေးရုံကလည်း ကလေးမလေးကို အထူးဂရုစိုက်ပါတယ်" လို့ သူက ဆိုပါတယ်။ 

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး ကျပ် (၁၀) သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးဖြင့် အာမခံရခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှုနဲ့ မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က