သူ့ရဲ့ အမှုဟာ ခွင့်လွှတ်လို့ရတဲ့ အမှုမျိုးမဟုတ်ကြောင့် ရုပ်ရှင်ဥက္ကဌက ပြောပါတယ်။
Sabal Thwin

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ သရုပ်ဆောင် မင်းရာဇာကို အနုပညာလောကမှ ထုတ်ပယ်မယ်လို့ သိရပါတယ်။ 

သက်ငယ်မုဒိန်းမှုနဲ့ တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင် မင်းရာဇာကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာလောကသားအဖြစ်မှ ထုတ်ပယ်တော့မယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့တွဲဖက်အတွင်းရေးမှူး(၂) တာဝန်ယူထားတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်က Duwun Media ကို အခုလို ပြောပြလာပါတယ်။ 

" မင်းရာဇာကို ထုတ်ပယ်ဖို့ဆိုတာ ဆုံးဖြတ်ချက်ချတယ်ဆိုတာထက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းမှာကို ပါပြီးသားပါ။ ဒီဖွဲ့စည်းပုံမှာ ရာဇဝတ်မှု ကျူးလွန်ရင်၊ ရုပ်ရှင်အစည်းအရုံးကို ဂုဏ်သိက္ခာငြိုးနွမ်း စေရင်၊ စည်းရုံးညီညွတ်မှု ပျက်ပြားစေတယ် ဆိုရင် ယာယီ(သို့မဟုတ်) ရာသက်ပန် ထုတ်ပယ်ရမည် ဆိုတာ ပါထားပါတယ်။ သူ့ကို တရားရုံးက ပြစ်ဒဏ်ချပြီးပြီဆိုတာနဲ့ EC အဖွဲ့တွေ ဆွေးနွေးပြီးတော့ သူ့ကို အပြစ်ပေးရမှာဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

Photo: Nyi Nyi

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်ကလည်း သရုပ်ဆောင် မင်းရာဇာရဲ့ အမှုအပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ အနုပညာလောကအတွက် ခွင့်လွှတ်ပေးလို့ မရဘူးလို့လည်း Duwun Media ရဲ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ဖြေဆိုထားတာ ဖြစ်ပါတယ်။ 

" သူက မူးယစ်ဆေးဝါ မဟုတ်ပဲ ကာရိုက်တာနဲ့ဆိုင်တာ ဖြစ်တဲ့အတွက် ရုပ်ရှင်အစည်းအရုံးကနေ ထုတ်ပယ်သင့်တယ်။ သက်ငယ်မုဒိန်းမှုဆိုတာကလည်း ဒီလောကထဲမှာ တစ်ခါမှ မဖြစ်ဖူးခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ မူးယစ်ဆေးဝါး လောက်ပဲ ဖြစ်ဖူးကြတာ။ ဒါကြောင့် ခွင့်လွှတ်ပေးလို့တော့ မရဘူး။ ဒါကတော့ ကျွန်တော့်အယူအဆ နဲ့ ပြောတာပါ။ မူးယစ်ဆေးဝါး အမှုဆိုတာ ကာရိုက်တာနဲ့ မဆိုင်ဘူး ၊ ဒါပေမယ့် သူ့ သူ့ကို ထုတ်ပယ်မယ် ဆိုတာတော့ ကျွန်တော်လည်း ရုံးတွေ မဖွင့်သေးလို့ မသိသေးပါဘူး၊ မေ (၁၈) မှာ ပြန်ဖွင့်မှာဆိုတော့ အဲ့ဒီအခါကျမှ ကျွန်တော် သေချာမေးပြီး ထုတ်ပြန်သင့် ထုတ်ပြန်ရမှာပါ" လို့ သူကဆိုပါတယ်။ 

Photo: Nyi Nyi

သရုပ်ဆောင် မင်းရာဇာကတော့ အိမ်အကူ အမျိုးသမီးကို နှိပ်စက်မှုဖြင့် ရာဇဝတ်ကြီးမှု အမှတ် ၁၇၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ယင်း အမှုကိုတော့ ၂၀၂၀ ခုနှစ် မေလ (၂၂) ရက်နေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုစတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ လက်ရှိ ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရသည်။




ဆက်စပ်အကြောင်းအရာများ


က္က