တရားရုံးကလည်း လက်ခံခဲ့ပါတယ်။

သရုပ်ဆောင် မင်းရာဇာရဲ့ အမှုကို ဒီနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးခဲ့ရာ တရားလိုဘက် တင်သွင်းခဲ့တဲ့ သက်သေကြောင့် မင်းရာဇာဟာ ဒီအမှုမှာကျူးလွန်ခဲ့ခြင်း ရှိမရှိဆိုတာ ထင်ရှားနေပြီလို့ တရားလို ရှေ့နေက ပြောပါတယ်။

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေနဲ့ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ (ဇူလိုင် ၁၀ရက်) ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ စစ်‌ဆေးခဲ့ပြီး တရားလိုဘက်က သက်သေခံ အဖြစ် မင်းရာဇာ ဇနီးမောင်နှံပြောထားတဲ့ အသံဖိုင်တွေကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့အမှုအခြေအနေနဲ့ ပတ်သက်လို့ တရားလိုရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က မီဒီယာတွေကို အခုလို ပြောပြလာပါတယ်။



 " ပြည်သူအများ မျှော်လင့်နေကြတဲ့ အမှန်တရားရဲ့ ပထမခြေလှမ်းက ဒီနေ့ စပါတယ်။ သူတို့တွေ ရုံးထွက်မှာ ပြောတာတွေက ခဲလေသမျှ သဲ ရေကျလို့ ဒီနေ့ ဖွင့်လိုက်တဲ့ အသံဖိုင်တွေလည်း ပေါ်ပေါက်လာရော သူတို့ပြောခဲ့တာတွေဟာ မှန်သလား၊ မှားသလား ဆိုတာ ထင်ရှားသွားပါတယ်။ မင်းရာဇာ နဲ့ သူ့ မိန်းမ ဖူးငုံပွင့်တို့ ပြောတဲ့ အသံတွေ၊ သက်ငယ်မုဒိန်းကျင့်ခံရတဲ့ ဂရေစ့်လို့ခေါ်တဲ့ ကလေးမလေးနဲ့ သူ့မိန်းမ ဖူးငုံပွင့်တို့ အပြန်အလှန်ပြောတဲ့ အသံတွေ၊ အဲဒီအသံဖိုင်ကို စာနဲ့ရေးထားတဲ့ဟာတွေက သက်သေခံဝင်သွားတယ်" လို့ ဆိုပါတယ်။

သရုပ်ဆောင် မင်းရာဇာအနေနဲ့ မြောက်ဥက္ကလာပ တရားရုံး ရုံးထွက်တွေမှာ မီဒီယာတွေကို အိမ်အကူမိန်းကလေးရဲ့ အက်စစ်ဒဏ်ရာတွေဟာ သူတို့ ဇနီးမောင်နှံနဲ့ မသက်ဆိုင်ကြောင်း တွေပြောခဲ့ဖူးပါတယ်။ အဲဒီအပေါ်မှာလည်း တရားလိုရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က တုံ့ပြန်ခဲ့ခြင်းမရှိပေမယ့် ဒီနေ့ ရုံးချိန်းမှာတော့ သက်သေခံအဖြစ် မင်းရာဇာ၊ မဖူးငုံပွင့် နဲ့ အိမ်အကူမိန်းကလေးတို့ ပြောထားကြတဲ့ အသံဖိုင်တွေကို သက်သေ တင်သွင်းလိုက်တာ ဖြစ်ပါတယ်။ 

အဆိုပါ တင်သွင်းလိုက်တဲ့ သက်သေတွေအပေါ် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ သက်သေခံ ဥပဒေ ပုဒ်မ ၃ ၊ သက်သေခံ ဥပဒေ ပုဒ်မ ၁၁၄ တို့အရ သက်သေပြုလုပ်ခွင့် လက်ခံလိုက်တယ်လို့ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။ 

" သူတို့ ပထမတုန်းက ရုံးထွက်တွေမှာ ပြောနေတယ်။ ကျွန်တော်တို့ ဘာမှ မပြောဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လက်ထဲမှာ အဓိက ကျတဲ့ သက်သေခံချက်တွေက လက်ဝယ်ရှိတယ်။ စွပ်စွဲခံရသူဘက်က ကန့်ကွက်သော်လည်းပဲ တရားရုံးက သက်သေခံ အက်ဥပဒေပုဒ်မ ၃ နဲ့ သက်သေခံဥပဒေပုဒ်မ ၁၁၄ တို့အရ သက်သေခံအဖြစ် လက်ခံလိုက်တော့ အမှောင်ကို ကုန်ဆုံးပြီး အလင်းကို ရောက်သွားတဲ့ သဘောပါ။ မဟုတ်ပါဘူး၊ အက်စစ်နဲ့ မပက်ပါဘူး။ ဘာတွေပဲ ပြောခဲ့ ပြောခဲ့ အဲဒါတွေက ကျွန်တော်တို့ အတွက်တော့ အသုံးပြုလို့ရတဲ့ သက်သေခံချက်တွေပါ" လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီးတရားရုံးမှာငွေကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးဖြင့် မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက အာမခံရခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က