ကျွန်တော်က silent တွဲရတာ မကြိုက်ဘူး။

ချာလီကတော့ မော်ဒယ်မလေး Dee နဲ့ ဆက်ဆံရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင် တည်ငြိမ်ရမယ့်အရွယ်ရောက်နေပြီလို့ သူကဆိုပါတယ်။ 

Photo: Dee



မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ချာလီကတော့ အချစ်ရေးအပေါ်ထားတဲ့ သူ့ရဲ့ ခံယူချက်ကိုပြောပြလာပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အချစ်ရေးတွေမှာ သူ့အတွက် သင်ခန်းစာတွေ အများကြီးရခဲ့တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်က silent တွဲရတာ မကြိုက်ဘူး။ silent တွဲမယ်ဆိုရင်တောင် လူရှေ့သူရှေ့တော့ မခေါ်လာဘူးပေါ့နော်။ ကျွန်တော် ဘာတွေ လုပ်နေတယ်ဆိုတာကိုတော့ ပရိသတ်ကို မချပြပါဘူး။ ဘာကြောင့်လဲဆိုတော့ အရှေ့မှာလည်း အများကြီး သင်ခန်းစာတွေရတယ်။ တွဲကြတယ်၊ ပျက်ကြတယ် ဆိုတာမျိုးတွေ မဖြစ်ချင်ပါဘူး။ Over 25 လည်းဖြစ်လာပြီဆိုတော့ တည်ငြိမ်ရတော့မယ့် အရွယ်ရောက်ပါပြီ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Kyaw Ye Myint Nyein

လက်ရှိမှာတော့ ချာလီ ကို မော်ဒယ်လ်မလေး Dee နဲ့ အတူသွား၊ အတူလာ အတွဲများတာ တွေ့နေရပါတယ်။ Dee နဲ့ ဆက်ဆံရေး အခြေအနေကိုလည်း ချာလီက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

“ ကျွန်တော့်မှာ မိန်းကလေးသူငယ်ချင်းတွေ တော်တော်များများ တွဲဖြစ်တယ်၊ ပေါင်းဖြစ်ပါတယ်။ Dee နဲ့ကျတော့ သူလည်း လူလွတ်၊ ကိုယ်လည်း လူလွတ်ဆိုတော့ ပိုတွဲဖြစ်တယ်။ တချို့ကျတော့ သက်ဆိုင်သူတွေနဲ့ သွားတွေ့ကြပြီဆိုရင် ကျွန်တော်တို့ နှစ်ယောက်ပဲ ကျန်ခဲ့ရတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၅ ရက်နေ့က စိန်နန်းတော် STRRY STRRY Night ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Kyaw Ye Myint Nyein

ချာလီနဲ့ Dee တို့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း နှစ်ယောက်ကို ချစ်သူတွေအဖြစ် ပေါ်ပေါ်တင်တင် တွေ့ချင်နေကြတာပါ။ ချာလီကိုယ်တိုင်ကလည်း သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို လျို့ဝှက်ထားတာမျိုးမရှိပါဘူးတဲ့။ 

“ ကျွန်တော်တို့လည်း ဘယ်နေ့မှာ ဘယ်လိုဖြစ်လာမလဲဆိုတာမပြောနိုင်ဘူး။ မနက်ဖြန် ရန်ဖြစ်ပြီးရင် သူနဲ့ဆက်မပေါင်းတော့တာလည်း ဖြစ်လာနိုင်တယ်။ ပုံမှန်အတိုင်းပဲ သွားဖြစ်မယ်၊ လာဖြစ်မယ်။ ကျွန်တော်က သိုဝှက်တာမျိုးတွေလည်း မရှိပါဘူး။ ပရိသတ်က သူ့ဘာသာသူသိလို့ နားလည်ပြီးတော့ ချစ်ပေးတာပေါ့နော်။ ကိုယ်တွေက အတင်းကြီးလုပ်ယူပြီးတော့ ငါတို့ တွဲနေပါတယ်၊ ချစ်နေပါတယ်ဆိုတာမျိုး မလုပ်ချင်ပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: HPY

ချာလီရဲ့ နာမည်အရင်းကတော့ ကျော်ရဲမြင့်ငြိမ်းဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ပိုသိတာဖြစ်ပါတယ်။ အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ စမတ်ကျတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လို့ မိန်းကလေးပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတအလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က